ရှားစောင်းလက်ပက်က အသားအရေကျန်းမာရေးအတွက် ဘယ်လောက်စွမ်းတယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ ရှားစောင်းလက်ပက်ကို ပုံမှန်လိမ်းပေးရုံနဲ့ အသားအရေကို ကျန်းမာစိုပြေလာစေပါတယ်။

ကျွန်မတို့အသားအရေဟာ လေထု ရေထု မြေထုတွေ ဓါတုပစ္စည်းတွေနဲ့ တစ်နေ့ပြီးတစ်နေ့ ထိတွေ့တာများလို့ အသားအရေ အိုမင်းခြောက်သွေ့လာပြီး ဆားဝက်ခြံတွေဖြစ်စေသလို အဆီတွေပြန်လာစေပါတယ်။

ဒါတွေအားလုံးအတွက် အဖြေကတော့ ရှားစောင်းလက်ပက်ပါပဲ။ ရှားစောင်းလက်ပက်ကနေရတဲ့ အနှစ်ကို မျက်နှာပေါ်မှာလိမ်းပေးတာ သင့်အသားအရေကို ကြည်လင်စေပြီး သဘာဝအတိုင်း ဖြူဝင်းစေမှာပါ။

၇ ရက်လောက်ဆိုရင် သိသိသာသာ ပြောင်းလဲသွားတာကို သင်ကိုယ်တိုင် လက်တွေ့ကြုံတွေ့ရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်မှာ Auxin နဲ့ Gibberellins ဟော်မုန်း ၂ မျိုးပါဝင်လို့ ထိခိုက်ရှနာတာတွေကို သက်သာစေတဲ့အပြင် အသားအရေ ရောင်ရမ်းမှုတွေကိုေ လျှာ့ချပေးပါတယ်။ ဒါ့ကြောင့် ဝက်ခြံတွေ ဖြစ်ပေါ်ခြင်းကနေ ထိထိရောက်ရောက်တားဆီးပေးနိုင်ပါတယ်။

Antioxitdant နဲ့ Antibacterial တွေပါဝင်ပြီး အရေပြားအတွင်း ဘက်တီးရီးယားပိုးတွေ ကပ်ငြှိဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရေးကြောင်းတွေကို ကာကွယ်ပေးပြီး ဝက်ခြံတွေကို ပျောက်ကင်းစေတဲ့အပြင် Moisturizer အနေနဲ့ အသုံးပြုပေးကြပါတယ်။

ရှားစောင်းလက်ပက် အပင်ရှိတယ်ဆိုရင် ရှားစောင်းလက်ပက် အနှစ်ထုတ်ယူပုံကို မျှဝေပေးပါ့မယ်။

အရင်ဆုံး အရွက်တစ်ခုကို ခူးပြီး သေချာ သန့်ရှင်းရေးလုပ်ပါ။

ပြီးရင် အရွက်ကို ပျော့သွားအောင် ဖြည်းဖြည်း ဖိပေးပါ။ အဲဒီနောက် အရွက်ကို အလည်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ အဲဒီ ရှားစောင်းလက်ပက်ကို မျက်နှာပေါ်မှာ ပွတ်ပြီးလိမ်းပေးနိုင်သလို အဲဒီကထွက်တဲ့ အနှစ်ကို ဇွန်းနဲ့ ခပ်ပေးပြီး ခွက်ထဲထည့်ပေးပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ (သို့) ခြောက်အောင်ထားပါ။

ပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပါ။ နူးညံ့တဲ့ အသားအရေကို အခုပဲ ထိတွေ့လို့ရနေပါပြီ။