သုတေသနပညာရှင်တွေက အရွယ်တင်နုပျိုစေမယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကတော့ ချောကလက်နဲ့ ဝိုင်အနီသောက်ခြင်းဘဲ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Exeter တက္ကသိုလ်နဲ့ Brighton တက္ကသိုလ်တို့က အရွယ်တင်နုပျိုစေမယ့် အစားအစာတွေကို သုတေသနပြုလုပ်ခဲ့ပါတယ်။

ချောကလက်နဲ့ ဝိုင်အနီမှာပါဝင်တဲ့ ဓာတ်တွေက ဆဲလ်အဟောင်းတွေကို နုပျိုအောင်ကူညီပေးနိုင်ပါတယ်။

အသက်ကြီးလာတဲ့အမျှ ဆဲလ်တွေရဲ့ DNA တွေက တဖြည်းဖြည်း အိုးမင်းရင့်ရော်လာတတ်ပါတယ်။

ဝိုင်အနီ၊ အမည်းရောင် ချောကလပ်၊ အနီရောင်စပျစ်သီးနဲ့ ဘလူးဘယ်ရီသီးတို့မှာ Flavonoids ဓာတ်တွေ ကြွယ်ဝပြီး ဆဲလ်တွေကို ပြန်လည်နုပျိုအောင်ကူညီပေးနိုင်ပါတယ်။

ဒီအစားအစာတွေထဲမှာ Flavonoids ဓာတ်ပါဝင်မှုအများဆုံးက ဝိုင်အနီနဲ့ အမည်းရောင် ချောကလက်တို့ဖြစ်ပါတယ်။