ချိုင်းမွှေးကိုဘယ်လိုရှင်းကြပါသလဲ။ ရိတ်တာလား၊ နုတ်တာလား။ ရိတ်ရင် ချိုင်းမွှေးပိုထူလာပြီး နုတ်ရင်လည်း အရေပြားထိခိုက်လို့ ချိုင်းသားပျက်ဆီးပါတယ်။

အဲဒီအတွက် ဘယ်လိုနည်းလမ်းကိုသုံးမလဲလို့ စဉ်းစားမိရင် MyHealth Myanmar ကစာဖတ်သူတွေအတွက် နည်းလမ်းကောင်း ၃ သွယ်ကို တင်ဆက်ပေးသွားမယ်နော်။

နည်းလမ်း ၁

နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း

နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး ချိုင်းအောက်မှာ ၁၅ မိနစ် (သို့) မခြောက်ခင်ထိ ထားပါ။ ပြီးရင် ရေအေးနဲ့ဆေးချပါ။ နေ့တိုင်းတစ်နေ့တခါပုံမှန်လုပ်ပါ။ ၂ ပတ်လောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

နည်းလမ်း ၂

ကြက်ဥ ၁ လုံး

ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်း နှစ်မျိုးကိုရောလိုက်ပါ။ ပြီးရင်ချိုင်းအောက်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ရေအေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ် ၂ ပတ်တိတိလုပ်ပေးပါ။ ချိုင်းမွှေးတွေတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်။

နည်းလမ်း ၃

ပါဝင်ပစ္စည်း

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) သံပုရာသီး တစ်ခြမ်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ရောလိုက်ပါ။ သံပုရာသီးတစ်ခြမ်းကိုသုံးမယ်ဆိုရင် အဲဒီပေါ်မှာ သကြားကိုတင်ပါ။ ပြီးရင် ချိုင်းအောက်မှာ သေချာ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် အဝတ်စကိုရေအေးစွတ်ပြီး သန့်ရှင်းရေးလုပ်ပါ။

တစ်နေ့ကို ၁ ခါလုပ်ပါ။ ၂ ပတ်လောက်ဆိုရင် အမွှေးတွေတဖြည်းဖြည်းနည်းသွားမှာဖြစ်ပါတယ်။

စာဖတ်သူတို့ အဆင်ပြေတဲ့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။

Featured Image Source: FirstCry Parenting