နံနံပင်ကို ဟင်းတွေမှာ ထည့်စားကြရဲ့လားရှင့်။ အသုပ်စားတိုင်း မုန့်ဟင်းခါးစားတိုင်း ဒါမှမဟုတ်တစ်ခုခု စားတိုင်း နံနံပင်မထည့်နဲ့ဆိုပြီး ရှောင်နေလား။
နံနံပင်မှာ အမျှင်ဓါတ်တွေ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ Antioxidant တွေပါဝင်လို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့အပြင် စားသုံးသင့်တဲ့ အရွက်တစ်မျိုးဖြစ်ပါတယ်။
ကိုလက်စထရောပါဝင်မှုလုံးဝမရှိလို့ ကယ်လိုရီနည်းစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မကောင်းတဲ့ကိုလက်စထရော ပါဝင်မှုကို လျှော့ချပေးနိုင်ပါတယ်။
နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေပါတယ်။
သွေးနီဆဲလ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
အသားအရေကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။
အမြင်အာရုံတွေကိုလည်း တိုးတက်စေပါတယ်။
အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာ ဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
အယ်လ်ဇိုင်းမားလ်ရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်သလို ဝေဒနာခံစားနေရသူတွေလည်း စားသုံးပေးသင့်ပါတယ်။
နံနံပင်ကိုဘယ်လိုသုံးမလဲ
နံနံပင်ကို ကိုယ့်ရဲ့ဟင်းလျာတွေမှာ ထည့်သုံးစားပေးရမှာပါ။
ဒါမှမဟုတ်ရင်လည်း နံနံပင်လက်တစ်ဆုတ်စာရယ် ပန်းသီးတစ်လုံးရယ် ရေ ခွက်တစ်ဝက်ရယ် ကို ဖျော်စက်နဲ့ဖျော်ပြီး သောက်သုံးနိုင်ပါတယ်။
ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်ကို ကင်းစင်စေမှာဖြစ်ပါတယ်။