ညဖက် အိပ်ရေးပျက်ရင်ဖြစ်ဖြစ် မနက်စောစောထရရင်ပဲဖြစ်ဖြစ် မျက်လုံးလေးတွေ ဖောင်းနေတာ မျက်ကွင်းညိုနေတာမျိုး လူတိုင်းကြုံဖူးကြမှာပါနော်။ မျက်ကွင်းညိုတာဟာ သင့်ကို ပင်ပန်းနေတယ်လို့ ထင်ရစေပြီး လန်းလန်းဆန်းဆန်းမရှိဘူးလို့ မြင်စေတာကြောင့် သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။

ဒါ့ကြောင့် မျက်ကွင်းညိုတာ မျက်လုံးဖောင်းတာတွေကိုအကောင်းဆုံး သက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အိပ်ရေး၀၀အိပ်ပါ

အရေးကြီးဆုံးကတော အိပ်ရေး၀၀ အိပ်ရပါမယ်။ တစ်နေ့ကို ၈ နာရီအိပ်ပေးခြင်းဖြင့် မျက်ကွင်းညိုတာကို သက်သာစေမှာပါ။

၂။ ပက်လက်အိပ်ပါ။

ပက်လက်အိပ်ပေးတာဟာ မနက်မိုးလင်းလို့ မျက်ကွင်းညိုတာတွေကို သက်သာစေမှာဖြစ်ပါတယ်။

၃။ လက်ဖက်အိတ်သုံးမယ်

လက်ဖက်အိတ်ကို ရေနွေးနဲ့ ၅ မိနစ်စိမ်ပေးပြီး ရေခဲရေနဲ့ ပြန်စိမ်လိုက်ပါ။ ပြီးရင် မျက်လုံးအောက်မှာ ကပ်ပေးထားပါ။

၄။ သခွားသီး

သခွားသီးကို မျက်ကွင်းနားမှာ ကပ်ပေးထားရင်လည်း မျက်ကွင်းညိုတာ မျက်လုံးဖောင်းတာကို သက်သာစေပါတယ်။

၅။ ဆားကိုရှောင်မယ်

ဆားစားသုံးမှုကို တတ်နိုင်သမျှလျှော့ချပေးတာဟာ အသားအရေခြောက်သွေ့ခြင်းနဲ့ မျက်ကွင်းညိုခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၆။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တတ်တဲ့သူတွေဟာ မျက်ကွင်းညိုတတ်သလို မျက်လုံးကို အရောင်မွှဲစေပါတယ်။ ဒါ့ကြောင့် ေးဆလိပ်မသောက်ပါနဲ့။

၇။ ရေဓာတ်ဖြည့်တင်းပါ

တစ်နေ့ကို ရေသောက်နိုင်သမျှသောက်ပါ။ ရေများများသောက်ပေးတာဟာ အသားအရေကို စိုပြေလှပစေမှာဖြစ်သလို မျက်ကွင်းညိုတာကိုလည်း သက်သာစေပါတယ်။

၈။ ဇွန်းကပ်ပေးမယ်

မျက်ကွင်းညိုတာနဲ့ မျက်ကွင်းဖောင်းတာကို သက်သာစေမယ့်နည်းလမ်းလေးတွေ

ဇွန်းကို ရေအေးအေးနဲ့ သေချာဆေး ပါ။ ပြီးရင် ရေခဲသေတ္တာထဲခဏထည့်ထားပြီး ခြောက်အောင်သုတ်လိုက်ကာ မျက်ကွင်းအောက်နားမှာ ကပ်ပေးပါ။ ၅ မိနစ်လောက်ကပ်ပေးရင် မျက်ကွင်းယောင်တာသက်သာစေပါတယ်။