လိပ်ခေါင်းရှိသူတွေအတွက် ဒီနည်းလမ်းက သိပ်ကို အသုံးဝင်မှာပါ။ ဒီနည်းလမ်းတွေထဲက တစ်နည်းနည်းကို စမ်းသုံးနိုင်ပါတယ်။

homemade fertilizer made from kitchen waste

ရှားစောင်းလက်ပက်

aloe-vera-e1467118046104

ရှားစောင်းလက်ပက်ဟာ လိပ်ခေါင်းကို ကုသရာမှာ သိပ်ကိုကောင်းတဲ့ သဘာဝကုထုံးပါပဲ။ ရှားစောင်းလက်ပက်မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ကုသပေးနိုင်ပါတယ်။

အပြင်လိပ်ခေါင်း (External Hermorrhoids) ခံစားနေရသူတွေအတွက် ရှားစောင်းလက်ပက်အနှစ်ကို လိပ်ခေါင်းနားမှာ လိမ်းပေးပြီး ငြင်သာစွာ ဖိဖိပေးပါ။

အတွင်းလိပ်ခေါင်း (Internal Hermorrhoids) ကတော့ ရှားစောင်းလက်ပက် အနှစ်ကို အသုံးပြုရမှာပါ။ အနှစ်ကို ခွက်ထဲထည့်ပြီး ခဲအောင်ထားပါ။ ပြီးရင် လိပ်ခေါင်းနာတာ သက်သာစေဖို့ ကပ်ပေးပါ။

ရေခဲ

99d9d1_9331063f210a451e8fb55f2ed9421838

Hemorrhoids လိပ်ခေါင်းကို ခံစားရ သက်သာစေဖို့ ရေခဲက အကူညီဖြစ်စေပါတယ်။ လိပ်ခေါင်း ရောင်တာတွေအတွက် ဒီနည်းလမ်းက ကောင်းပါတယ်။

ရေခဲကို အဝတ်စနဲ့ ထုတ်ပြီး ရောင်နေတဲ့နေရာမှာ ကပ်ပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပါ။ တစ်နေ့ကို အခေါက်ပေါင်းများစွာလုပ်နိုင်ပါတယ်။

သံလွင်ဆီ

olive-oil-968657_1280-e1455848791721

သံလွင်ဆီကို တစ်နေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း သောက်ပေးပါ။ ပြီးရင် သံလွင်ဆီကို လိပ်ခေါင်းနားမှာလိမ်းပေးပါ။

လက်ဖက်အိတ်

teabags

လက်ဖက်အိတ်ကို ရေနွေးနဲ့စိမ်ပြီး အပြင်ကိုထုတ်ပေးပါ။ ပြီးရင်ခဏထားပြီး ရေနွေးအိတ် နွေးနွေးလေးကို ရောင်တာသက်သာစေဖို့ ၁၀ မိနစ် လောက် အုပ်ပေးထားပါ။ တစ်ရက်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးပါ။

Sources:

Top 10 Home Remedies

Mayo Clinic

Progressive Health

Earth Clinic