တစ်ခုခုကြော်ပြီးတဲ့ဆီကို ပြန်ပြီး အပူပေးလိုက်တဲ့အခါ အဲဒီဆီက အဆိပ်အဖြစ်ပြောင်းလဲသွားပါတယ်။

ကျွန်မတို့ အိမ်ရှင်မတွေဟာ မဟုတ်တာလေးကို သိပ်ကန့်တွက်ကြပါတယ်။ ကြက်ဥကြော်လိုက်လို့ပဲဖြစ်ဖြစ် ပိုနေတဲ့ ဆီတွေကို အရွက်တစ်ခုခု ကြော်ဖို့အတွက် ပြန်ပြီးအသုံးပြုတတ်ကြပါတယ်။ ကိုယ်သုံးနေတဲ့ဆီဟာ ဟင်းသီးဟင်းရွက်က ထုတ်တဲ့ ဆီဖြစ်နေရင် ပိုလို့တောင် ရှောင်ကျဉ်ပေးသင့် ပါတယ်။

အိမ်ရှင်မတို့ရဲ့ လက်ထဲမှာ မိသားစုတစ်ခုလုံးရဲ့ ကျန်းမာရေး ပုံအပ်ခံထားရတယ်ဆိုတာ မမေ့ပါနဲ့နော်။

20150320-cooking-olive-oil-vicky-wasik-1

တစ်ခုခုကြော်ပြီးလို့ ပိုတဲ့ဆီကို ပြန်သုံးတာဟာ နှလုံးရောဂါ လေဖြတ်ရောဂါ နဲ့ ကင်ဆာတွေကို ဖြစ်ပေါ်စေပါတယ်။

လေ့လာတွေ့ရှိမှုအရ ပဲဆီ ပြောင်းဆီ နေကြာဆီအပြင် တခြား အသီးအနှံကရတဲ့ဆီတွေကို ပြန်ပြီး အသုံးပြုတာဟာ အက်ဆစ်တစ်မျိုးကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာ အမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။

aid1564665-728px-Clean-Dark-Cooking-Oil-Step-3-Version-2

ဥပမာ အယ်လ်ဇိုင်းမား၊ အသည်း၊ တခြားရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။ ကျန်းမာရေး ပညာရှင်တွေက အသီးအရွက်က ထုတ်လုပ်တဲ့ဆီတွေကို မကြာခဏ အပူပြန်ပေးပြီးချက်တာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။

464410512_XS

အိမ်ရှင်မတို့ရေ ဘာမဟုတ်တာလေးနဲ့ မိသားစုကျန်းမာရေးကို အထိခိုက်မခံပါနဲ့နော်။ တစ်ခါကြော်ပြီးသားဆီကို ပြန်မသုံးပါနဲ့။

Featured Image Source: recipes.timesofindia.com