ဟောက်တတ်တဲ့ လူတစ်ယောက်နဲ့နေထိုင်ရတာ တခါတလေ စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ကိုယ်က ပင်ပန်းလို့ ညဘက်အိပ်ပျော်ချင်ပေမယ့် ကိုယ့် လက်တွဲဖော်က ဟောက်တတ်ရင် တခါတလေ စိတ်ပင်ပန်းပါတယ်။

ဒါကြောင့် ဟောက်တာကို သဘာဝနည်းလမ်းဖြင့် သက်သာစေဖို့ ဝေမျှချင်ပါတယ်။

Source: Samitivej Hospital

ပါဝင်ပစ္စည်းများ

  • ပန်းသီး ၂လုံး
  • ဂျင်း အမြစ် ၁လုံး
  • မုန်လာဥနီ ၂ ခု
  • သံပုရာသီး ၁လုံးရဲ့ ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲမှာ ထည့်ဖျော်ပါ။

ဖျော်ပြီး နာရီအနည်းငယ်အကြာမှာ သောက်ပါ။ နေ့တိုင်း အိပ်ယာ မဝင်ခင်မှာ သောက်သုံးပါ။

Source: The Economic Times

သံပုရာသီးမှာ ဗီတာမင် စီဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် နှာခေါင်းမှာရှိတဲ့ အကျိအချွဲတွေ နည်းစေပြီး အသက်ရှူလမ်းကြောင်းကို ရှင်းလင်းပေးပါတယ်။ ပန်းသီးနဲ့မုန်လာဥနီက နှာခေါင်းကို သန့်ရှင်းပေးပြီး ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ ဂျင်းက နှာခေါင်းအတွင်း နာကျင်မှုတွေနဲ့ ဖိအားတွေကို လျော့ချပေးပါတယ်.

Featured Image Source: SnoreLab