အာလူးလို့ဆိုတာနဲ့ ကယ်လိုရီတွေ များမယ် ခန္ဓာကိုယ်အလေးချိန်တက်စေမယ်လို့လည်း တွေးထင်မိကြပါတယ်။ အမှန်တော့ အာလူးကို ပြုတ်မစားကြဘဲ ကြော်စားကြတာများလို့ အခုလို ထင်နေကြတာပါ။ အာလူးမှာ လူ့ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အဟာရတွေ များစွာပါဝင်တာကြောင့် အိန္ဒိယ ဟင်းလျာတွေမှာဆိုရင် အာလူးကို အဓိကထား ချက်ပြုတ်ကြတာများပါတယ်။
အာလူးပြုတ်ကို များများစားရင် အဆီတွေကို ပိုမိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို လှပစေမှာပါ။ အာလူးပြုတ်တွေမှာ သတ္တုဓာတ်တွေ၊ ဗီတာမင် စီ၊ Vitamin B-Complex ၊ ပိုတက်ဆီယမ် နှင့် Phosphorous တို့ပါဝင်ပါတယ်။ အာလူမှာ ကယ်လိုရီနဲ့ အဆီဓာတ်တွေ ပါဝင်မှုနည်းပြီး အမျှင်ဓာတ်တွေလည်း အများကြီးပါတာကြောင့် ဗိုက်ခဏခဏဆာခြင်းကနေလည်း ကင်းဝေးစေပါတယ်။ ဒါကြောင့် အာလူးပြုတ်ကို ဘယ်လို စားသုံးရမလဲဆိုတာကို ဝေမျှချင်ပါတယ်။
ပါဝင်ပစ္စည်းများ
အာလူးကြီးကြီး တစ်လုံး
ကြက်သွန်နီ အသေးတစ်လုံး
- အနီရောင် ငရုတ်သီး ခြောက် ၃ တောင့်
- ဆားအနည်းငယ်
- ပြန်လည်သန့်စင်ထားတဲ့ ဆီ (Refined Oil) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြင်ဆင်နည်း
- အာလူးကို အခွံနွာလိုက်ပြီး Pressure Cooker ထဲမှာ ပြုတ်လိုက်ပါ။ပြုတ်တဲ့အချိန်မှာ ရေ ၂ ခွက်ထည့်ပါ။ Pressure Cooker ကနေ တစ်ရှူးးရှူးးနဲ့ အသံ၂ခါလောက်မြည်လာရင် မီးပိတ်လိုက်ပြီး အငွေ့တွေ အားလုံးကုန်သွားတဲ့အထိ အာလူးကို Pressure Cooker ထဲမှာထားပါ။
- ကြက်သွန်နီကို ပါးပါးလေး လှီးပြီး အနီရောင် ငရုတ်သီးခြောက်တို့ကို ဆီထဲမှာ ထည့်ပြီး အညှိရောင်ပြောင်းသွားတဲ့အချိန်အထိ ဆီသပ်လိုက်ပါ။
- Pressure Cooker ထဲက အာလူးကို ထုတ်ပြီး ချေလိုက်ကာ ဆားရယ်၊ ခုနက ဆီသပ်တာရယ်ကို ရောမွှေလိုက်ပြီး စားလို့ရပါပြီ။
[Zawgyi]
အာလူးလို႔ဆိုတာနဲ႔ ကယ္လိုရီေတြ မ်ားမယ္ ခႏၶာကိုယ္အေလးခ်ိန္တက္ေစမယ္လို႔လည္း ေတြးထင္မိၾကပါတယ္။ အမွန္ေတာ့ အာလူးကို ျပဳတ္မစားၾကဘဲ ေၾကာ္စားၾကတာမ်ားလို႔ အခုလို ထင္ေနၾကတာပါ။ အာလူးမွာ လူ႔ခႏၶာကိုယ္အတြက္ ေကာင္းတဲ့ အဟာရေတြ မ်ားစြာပါ၀င္တာေၾကာင့္ အိႏၵိယ ဟင္းလ်ာေတြမွာဆိုရင္ အာလူးကို အဓိကထား ခ်က္ျပဳတ္ၾကတာမ်ားပါတယ္။
အာလူးျပဳတ္ကို မ်ားမ်ားစားရင္ အဆီေတြကို ပိုမိုေလာင္ကၽြမ္းေစၿပီး ခႏၶာကိုယ္ကို လွပေစမွာပါ။ အာလူးျပဳတ္ေတြမွာ သတၱဳဓာတ္ေတြ၊ ဗီတာမင္ စီ၊ Vitamin B-Complex ၊ ပိုတက္ဆီယမ္ ႏွင့္ Phosphorous တို႔ပါ၀င္ပါတယ္။ အာလူမွာ ကယ္လိုရီနဲ႔ အဆီဓာတ္ေတြ ပါ၀င္မႈနည္းၿပီး အမွ်င္ဓာတ္ေတြလည္း အမ်ားႀကီးပါတာေၾကာင့္ ဗိုက္ခဏခဏဆာျခင္းကေနလည္း ကင္းေ၀းေစပါတယ္။ ဒါေၾကာင့္ အာလူးျပဳတ္ကို ဘယ္လို စားသံုးရမလဲဆုိတာကို ေ၀မွ်ခ်င္ပါတယ္။
ပါ၀င္ပစၥည္းမ်ား
အာလူးႀကီးႀကီး တစ္လံုး
ၾကက္သြန္နီ အေသးတစ္လံုး
- အနီေရာင္ ငရုတ္သီး ေျခာက္ ၃ ေတာင့္
- ဆားအနည္းငယ္
- ျပန္လည္သန္႔စင္ထားတဲ့ ဆီ (Refined Oil) လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ျပင္ဆင္နည္း
- အာလူးကို အခြံႏြာလိုက္ၿပီး Pressure Cooker ထဲမွာ ျပဳတ္လိုက္ပါ။ျပဳတ္တဲ့အခ်ိန္မွာ ေရ ၂ ခြက္ထည့္ပါ။ Pressure Cooker ကေန တစ္ရွဴးးရွဴးးနဲ႔ အသံ၂ခါေလာက္ျမည္လာရင္ မီးပိတ္လိုက္ၿပီး အေငြ႔ေတြ အားလံုးကုန္သြားတဲ့အထိ အာလူးကို Pressure Cooker ထဲမွာထားပါ။
- ၾကက္သြန္နီကို ပါးပါးေလး လွီးၿပီး အနီေရာင္ ငရုတ္သီးေျခာက္တုိ႔ကို ဆီထဲမွာ ထည့္ၿပီး အညိွေရာင္ေျပာင္းသြားတဲ့အခ်ိန္အထိ ဆီသပ္လိုက္ပါ။
- Pressure Cooker ထဲက အာလူးကို ထုတ္ၿပီး ေခ်လိုက္ကာ ဆားရယ္၊ ခုနက ဆီသပ္တာရယ္ကို ေရာေမႊလိုက္ၿပီး စားလို႔ရပါၿပီ။