ရေနွေးကြမ်း ((ခါးရည်) Black Tea ) ကို ထမင်းစားပြီးတိုင်း ဒါမှမဟုတ် မကြာမကြာ သောက်တတ်တဲ့သူတွေရှိပါတယ်။ ရှေးယခင်ကတည်းကနေ ဒီကနေ့ထိ ရေနွေးကြမ်းကို ဆေးဖြစ်ဝါးဖြစ်သောက်သုံးလာခဲ့ကြပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

အယ်လ်ဇိုင်းလ်မားရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်

သုတေသနပြုချက်တွေအရ ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးသူတွေဟာ အယ်လ်ဇိုင်းလ်မားလို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းပြီး သတိမေ့ရောဂါဖြစ်ပွားမှုကို ၅၀ % ထိလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

နှလုံးကျန်းမာစေတယ်။

မကြာသေးခင်က သုတေသီတွေဟာ ရေနွေးကြမ်းကို ပုံမှန်သောက်ပေးရင် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့တွေဧာ အသက် ၃၀ကနေ ၇၉ နှစ်ကြား အမျိုးသားအမျိုးသမီး ၃သိန်းခွဲခန့်ကို သုတေသနပြုလေ့လာခဲ့ကြတာပါ။

စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တယ်။

ရေနွေးကြမ်းကိုပုံမှန်သောက်ပေးရင် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

ကင်ဆာ တိုက်ဖျက်ရာမှာ ကူညီပေးတယ်။

လက်ဖက်နက် (Black Tea) မှာ Flavonoids, Catechin, Epicatechin စတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ၂၀၁၃ခုနှစ်က သုတေသီတွေရဲ့ လေ့လာမှုအရ Flovanoid ဓါတ်မြင့်မားတဲ့ လက်ဖက်ဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသား ၅၈၀၀၀ ကိုလေ့လာပြီး ဒီသုတေသနရလဒ်ကိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဆီးချိုဖြစ်ပွားမှုကို လျှော့ချပေးတယ်။

ဆီးချိုဖြစ်ပွားမှုကိုလျှော့ချပေးနိုင်တယ်လို့ Diabetologia ဆိုတဲ့ ဂျာနယ်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလေ့လာမှုမှာတော့ လူပေါင်း ၄ သောင်းကျော်ကို လေ့လာခဲ့တာပါ။ ရေနွေးကြမ်းကို ပုံမှန်သောက်ပေးရင် ဆီးချိုဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။

ရေနွေးကြမ်းမှာ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းနဲ့ Antioxidant တွေပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ဘက်တီးရီးယားတွေ့ို တိုက်ဖျက်ပေးပါတယ်။ လက်ဖက်နက်အခြောက်ကို ရေနွေးနဲ့စိမ် ပျားရည်ထည့်ပြီးသောက်တာဟာ အအေးမိဖျားနာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

အစာအိမ်နာတာကို သက်သာစေတယ်။

အစာအိမ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေကို သက်သာစေပါတယ်။အစာအိမ် ရောင်ရမ်းမှုကိုလည်းသက်သာစေပါတယ်။