ငိုတာ ဟာ ပျော့ညံ့တာမဟုတ်ပါဘူး။ လူတိုင်း ငိုသင့်ပါတယ်။ ငိုလိုက်ရင် သင့်စိတ်ထဲမှာ တင်းကျပ်နေတဲ့ခံစားချက်တွေ ပြေလျော့သွားပါတယ်။

ပျော်လို့ငိုတာလည်း ရှိသလို ဝမ်းသာလို့ငိုတာလည်း ရှိပါတယ်။

ငိုချင်တာအောင့်ထားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ပြီး သင့်ကိုလည်း ပိုအားနည်းသွားစေပါတယ်။ မျက်ရည်တွေကို ရှက်စရာမဟုတ်ပါဘူး၊ ငိုတယ်ဆိုတာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုပါဘဲ။ ငိုတာဟာ လူသားဆန်ခြင်းပါဘဲ။

ငိုခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတချို့ကိုလည်း ဝေမျှချင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေး

နေ့စဉ်နဲ့အမျှ လူသားတွေဟာ စိတ်ဖိစီးမှုပေါင်းထောင်နဲ့ချီပြီး တွေ့ကြုံနေရပါတယ်။ အလုပ်ရော အိမ်မှာရော ပြဿနာတွေအပြည့်နဲ့စိတ်ရှုပ်နေရတတ်ပါတယ်။

တခါတလေ ကိုယ့်ခံစားချက်ကို စိတ်ပိုင်းဆိုင်ရာခံစားချက်ကို ဘယ်လိုကိုင်တွယ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ လျော့ချဖို့ အကောင်းဆုံးနည်းက ငိုခြင်းပါဘဲ။ ငိုတာက သင့်မှာရှိနေတဲ့ မကောင်းတဲ့ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်မှုတွေကို လျော့ချပေးနိုင်ပါတယ်။

မျက်ရည်တွေက Adrenocorticotropin ဟော်မှုန်းကို ထုတ်လုပ်ပေးပြီး ဒီဟော်မှုန်းက စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ငိုပြီးသွားရင် စိတ်တည်ငြိမ်သွားတာပါ။

နာကျင်မှုတွေကနေ ရုန်းထွက်နိုင်

Source: PS I Love You

အချစ်ဆုံးသူတွေကို ဆုံးရှုံးရတာလောက်ထက် ပိုပြီး နာကျင်တဲ့ခံစားချက်မရှိပါဘူး။ ဝမ်းနည်းနေမယ်၊ နာကျင်နေမယ်ဆိုရင် ငိုချလိုက်ပါ။ ငိုတာက အဆန်းမဟုတ်ပါဘူး။

ငိုချလိုက်ပြီးမှ ပြဿနာကို ရင်ဆိုင်ရတာ၊ ဆုံးရှုံးမှုကို ရင်ဆိုင်ရတာ ပိုတည်ငြိမ် လွယ်ကူသွားပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ငိုချလိုက်ပါ။

စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်

Source: VideoBlocks

သင်ဟာ ငိုနေရင် သင့်ဦးနှောက်က Endrophins ဓာတ်ထုတ်လုပ်ပြီး စိတ်ပိုင်းဆိုင်ရာကို ဒီဓာတ်က မြှင့်တင်ပေးနိုင်ပါတယ်။

ဆက်ဆံရေးတွေကို ပိုကောင်းစေ

Source: qwizz.ru

စိတ်ဖိစီးမှုများနေရင်၊ စိတ်တို၊ ဒေါသထွက်နေရင်၊ ဝမ်းနည်းနေရင် သူများကို မလုပ်သင့်တဲ့ အပြုအမူတွေ ပိုလုပ်မိနေပါတယ်။

ကိုယ်ဝမ်းနည်းနေတဲ့အချိန်မှာ တခြားသူတွေနဲ့ ဝေးရာမှာနေနေမိတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စိတ်ချယုံကြည်ရတဲ့သူနဲ့ စကားပြော ရင်ဖွင့်ပြီး ငိုပါ။

မျက်လုံးအမြင်ကို မြှင့်တင်ပေးနိုင်

Source: Dr. Hani Sakla

ငိုလို့ရှိရင် မျက်လုံးနားမှာရှိတဲ့ Membranes တွေကို စိုစွတ်စေပါတယ်။ ငိုချင်တာကို ထိန်းထားရင် ကိုယ့်မျက်စိအမြင်ကို ထိခိုက်စေပြီး မျက်လုံးကိုခြောက်သွေ့စေပါတယ်။