မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ရောဂါတွေထဲမှာ သွေးတိုးရောဂါက အများဆုံးဖြစ်သွားတဲ့ရောဂါတွေထဲမှာ ပါဝင်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သွေးတိုးရောဂါဖြစ်ပွားမှုမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အများဆုံးနိုင်ငံတွေမှာ ပါဝင်နေပါတယ်။

သွေးတိုးမှာ ၂ မျိုး ရှိပါတယ်။ Essential Hypertension နဲ့ Secondary Hypertension ဖြစ်ပါတယ်။

Essential Hypertension

Essential Hypertension က ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို မသိပေမယ့် အသက်ကြီးတဲ့သူတွေမှာဖြစ်တတ်ပါတယ်။ ဒီလို Essential Hypertension က နှစ်ပေါင်းများစွာကတည်းက ဖြစ်အစပျိုးလာတဲ့ သွေးတိုးမျိုးပါ။

Secondary Hypertension

နောက်ကွယ်ရောဂါတွေကြောင့် Secondary Hypertension ဖြစ်တတ်ပါတယ်။ ရုတ်တရပ် သွေးဆောင့်တိုးတာတို့ ဖြစ်တတ်ပါတယ်။

အိပ်ရေး မမှန်တာ

ကျောက်ကပ် ရောဂါ

သွိုင်းရွိုက် (Thyroid) ရောဂါ

အနာပျောက်ဆေး၊ စတီရွိုက်ဆေး၊ တားဆေး

မူးယစ်ဆေးတွေသုံးတကြောင့် (ဥပမာ စိတ်ကြွဆေး၊ ကိုကင်း) တို့ကြောင့်ဖြစ်တတ်ပါတယ်။

သွေးတိုးဖြစ်နိုင်တဲ့အခြေအနေများ

အသက်အရွယ်

အသက်ကြီးလာတာနဲ့အမျှ သွေးဖိအားတွေပိုမြင့်လာတတ်ပါတယ်။ အမျိုးသားတွေ အသက် ၆၄ နှစ်အရွယ်လောက်ကနေစပြီး သွေးဖိအားတွေ မြင့်လာတတ်ပါတယ်။ အမျိုးသမီးတွေကတော့ အသက် ၆၅ နှစ်နောက်ပိုင်းမှ သွေးဖိအားများလာတတ်ပါတယ်။

မိသားစု

မိသားစုမှာ သွေးတိုးရှိခဲ့ရင်လည်း အစဉ်အဆက်ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း

ကိုယ်အလေးချိန်များလေလေ၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်ရှူးတွေဆီ အာဟာရနဲ့ အောက်စီဂျင်ကိုပို့ဖို့ သွေးပိုလိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးပမာဏများများလည်ပတ်လေလေ၊ သွေးလွှတ်ကြောနံရံတွေကို ဖိအားတွေပိုပေးလေလေပါဘဲ။

လှုပ်ရှားမှု နည်းပါးခြင်း

လှုပ်ရှားမှုနည်းတဲ့သူတွေမှာ နှလုံးခုန်နှုန်းပိုမြင့်လေ့ရှိပါတယ်။ နှလုံးခုန်နှုန်းမြင့်လေလေ၊ အလုပ်က ပိုပြီး အလုပ်လုပ်ရပြီး သွေးလွှတ်ကြောနံရံတွေက ဖိအားဒဏ်ပိုခံရလေဖြစ်ပါတယ်။ လှုပ်ရှားမှုနည်းတဲ့သူတွေကလည်း အဝလွန်နိုင်ချေပိုများပါတယ်။

ဆေးရွက်ကြီး

ဆေးရွက်ကြီးကို စားတာဘဲဖြစ်ဖြစ်၊ ဆေးလိပ်လိပ်သောက်တာဘဲဖြစ်ဖြစ်သွေးဖိအားကို ရုတ်တရပ် မြင့်တင်စေပါတယ်။ အဲ့ဒီအပြင် ဆေးရွက်ကြီးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက သွေးလွှတ်ကြောနံရံတွေကို ထိခိုက်ပျက်စီးစေပါတယ်။

ဒီအကြောင်းအရင်းတွေက သွေးလွှတ်ကြောနံရံတွေကို ကျဉ်းစေပြီး နှလုံးရောဂါကိုဖြစ်စေပါတယ်။ တဆင့်ခံ ဆေးလိပ်အငွေ့ရှူရသူတွေ(Secondhand Smoke) တွေမှာလည်း နှလုံးရောဂါဖြစ်နိုင်ချေ များပါတယ်။

ဆားစားသုံးမှုများခြင်း

အစားအစာတွေထဲမှာ ဆား (ဆိုဒီယမ်)ဓာတ်များလေလေ၊ သွေးတိုးကိုဖြစ်နိုင်ချေ မြှင့်လေလေပါဘဲ။

ပိုတက်ဆီယမ်ဓာတ် နည်းပါးရင်

ပိုတက်ဆီယမ်ဓာတ်က ဆဲလ်တွေထဲမှာရှိတဲ့ ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပါတယ်။ ကိုယ်စားသုံးတဲ့ အစားအစာတွေထဲမှာ ပိုတက်ဆီယမ်ဓာတ်မလုံလောက်ရင် သွေးထဲမှာ ဆိုဒီယမ်ဓာတ်တွေစုပြုံလာမှာဖြစ်ပါတယ်။

အရက်အလွန်အကျွံသောက်ရင်

အရက်အလွန်အကျွံသောက်ရင် နှလုံးကို ထိခိုက်စေပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုက ရုတ်တရပ် သွေးဖိအားကို တက်စေပါတယ်။ ဒါ့ကြောင့် ကျန်းမာတဲ့အစားအစာစားပြီး စိတ်ကို သက်တောင့်သက်သာထားပါ။

နာတာရှည်ရောဂါ

နာတာရှည်ရောဂါတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးချိုရောဂါတွေကြောင့်လည်း သွေးတိုးတတ်ပါတယ်။

Credit: Mayo Clinic