အစာလည်းဆေး။ ဆေးလည်းအစာပါ။ ကျန်းမာစေဖို့အတွက် ဆေးတွေမှီဝဲစရာမလိုပါဘူး။ သဘာဝကပေးထားတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေက ကျန်းမာစေတဲ့ ဆေးတစ်ပါးပါပဲ။
ဒီနေ့မှာတော့ အဖိုးနည်းပေမဲ အာနိသင်များတဲ့ ရုံးပတီသီးရဲ့ အကျိုးကျေးဇူးတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်။
ဆီးချို
ရုံးပတီသီးကို ပုံမှန်စားပေးတာဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်များ
ရုံးပတီသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဆဲလ်အသစ်တွေကို မွှေးဖွားထုတ်လုပ်ပေးမဲ့ ဗီတာမင် B လည်းကြွယ်ဝစွာပါဝင်ပါတယ်။
ကိုယ်ဝန်သည်တွေအတွက် အထူးကောင်းမွန်ပြီး ကျန်းမာသန်စွမ်းတဲ့ ရင်သွေးကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ပန်းနာရင်ကျပ်
ရုံးပတေသီးမှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) နဲ့ ရောင်းရမ်းမှုကို သက်သောစေတဲ့ ဂုဏ်သတ္တိတွေပါဝင်တဲ့အပြင် ဗီတာမင် C လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ပန်းနာရင်ကျပ်တို့လို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် အထူးကောင်းမွန်ပါတယ်။
သွေးအားနည်းရောဂါ
ရုံးပတေသီးမှာ သံဓါတ်၊ Folate နဲ့ ဗီတာမင် K ပါဝင်တာကြောင့် သွေးခဲတာနဲ့ သွေးအားနည်းတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ကိုလက်စထရော
ရုံးပတေသီးမှာ အမျှင်ဓါတ်ပါဝင်မှုမြင့်မားတာကြောင့် ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပါ။
ရုံးပတေသီးကို ကြော်စားတာဖြစ်ဖြစ် ချက်စားတာပဲဖြစ်ဖြစ် အကျန်လွန်သွားအောင်မကြော်ပါနဲ့။ ဒီလိုဆိုရင် အာနိသင်တွေ လျှော့သွားနိုင်ပါတယ်။