လူတော်တော်များများက မနက်မိုးလင်းတာနဲ့ ကော်ဖီတစ်ခွက်နဲ့ နေ့တစ်နေ့ကို စတင်ကြပါတယ်။ ဒီအကျင့်က ကောင်းတဲ့အကျင့်တော့မဟုတ်ပါဘူး။

မနက်စောစောဗိုက်ထဲမှာ ဘာမှမရှိခင်မှာ ရေတစ်ခွက်နဲ့ စသင့်ပါတယ်။ ဒီထက်ပိုပြီး အကျိုးများချင်ရင်တော့ ရေနွေးပူပူလေး တစ်ခွက်နဲ့ စသင့်ပါတယ်။

မနက်စောစော ဗိုက်ထဲမှာ ဘာအစာမှမရှိခင်မှာ ရေနွေးပူပူလေးနဲ့ စလိုက်ရင် အစာအိမ်စနစ်ကို အထောက်အပံ့အပေးပြီး ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းမယ်

ရေနွေးပူပူက ခန္ဓာကိုယ် အပူချိန်ကိုမြင့်တက်စေပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုအရှိန်မြင့်စေပါတယ်။ ဒါကြောင့် အဆီတွေကို အလျင်အမြန်လောင်ကျွမ်းစေပါတယ်။ ရေနွေးပူပူလေးက ကျောက်ကပ်နဲ့ အစာခြေစနစ်တွေကို အားကောင်းစေပါတယ်။ ဖြစ်နိုင်ရင် ရေနွေးပူပူလေးထဲကို သံပုရာသီးလေး ညှစ်ပြီး သောက်ပေးပါ။

သွေးလည်ပတ်မှုကိုလည်း အားကောင်းစေ

ရေနွေးပူပူက ခန္ဓာကိုယ်ထဲမှာ အနယ်ကျနေတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး သွေးလည်ပတ်မှုတွေကို အားကောင်းစေကာ သွေးတွေကိုလည်း ပိုသန့်စင်စေပါတယ်။

ရေနွေးပူပူလေးက ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေပြီး သွေးလည်ပတ်မှုအားကိုလည်း ကောင်းစေပါတယ်။

အရွယ်တင်နုပျိုစေ

နေ့တိုင်းလိုလို ရေနွေးပူပူတစ်ခွက်ကို သောက်တဲ့အကျင့်ကို ကျင့်ထားမယ်ဆိုရင် အရွယ်တင်နုပျိုစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ ရှိနေရင် ဖျားနာလွယ်မယ်၊ ရုပ်ရင့်ပါလိမ့်မယ်။

မနက်ခင်းမှာ သောက်တဲ့ ရေနွေးပူပူတစ်ခွက်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ရောဂါများစွာကိုလည်း ကာကွယ်ပေးပါတယ်။

ရေနွေးပူပူလေးက အရေပြား ဆဲလ်တွေကို ကုသပေးပြီး တင်းတင်းရင်းရင်း ရှိအောင်ကူညီပေးပါတယ်။