ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာလို့ဆိုရာမှာ အရသာရှိတဲ့အစားအစာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ သရက်သီးကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဟာရဓါတ်တွေ အများအပြားပါဝင်ရုံသာမက အရသာရှိလှပါတယ်။

14058806305_0184abdd33_b

သရက်သီးကိုအစိမ်းစားတဲ့အခါ အခွံကိုတော့ အများစု တွဲစားလေ့ရှိတတ်ကြပါတယ်။

အမှည့်ကိုစားရင်တော့ အခွံကို နွှာပြီးမှသာစားတတ်ကြပါတယ်။ သရက်သီးအခွံမှာ ဘယ်လိုအကျိုးကျေးဇူးရှိသလဲ။ ဘာလို့စားသင့်သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးခြင်း

shutterstock271701911

ဆီးချိုဝေဒနာရှင်တွေအတွက် သရက်သီးခွံက သင့်တော်မှာပါ။ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ချပေးလို့ပါပဲ။

ကိုလက်စထရောပမာဏကို မြင့်တက်စေခြင်း

ကိုလက်စထရောဆိုရာမှာ အားလုံးက မကောင်းတာမဟုတ်ပါဘူး။ ကောင်းတဲ့ကိုလက်စထရောရှိပါတယ်။ သရက်သီးခွံကိုစားပေးတာဟာ ကောင်းတဲ့ကိုလက်စထရောကိုမြင့်တက်စေပါတယ်။

ကင်ဆာဖြစ်ပွားမှု အလားအလာနည်းခြင်း

သရက်သီးခွံကိုစားပေးတာဟာ ရင်သားကင်ဆာ အူမကြီးကင်ဆာ ဆီးကျိတ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ Antioxidant တွေကြွယ်ဝစွာပါဝင်လို့လည်း ကျန်းမာရေးနဲ့ အထူးသင့်တော်ပါတယ်။

ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း

သရက်သီးအခွံမှာ ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ နာမကျန်းဖြစ်တာတွေကြောင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းတာတွေကို လျှော့ကျစေပါတယ်။

ကိုယ်အလေးချိန်လျှော့ချပေးခြင်း

107212

သရက်သီးခွံကိုစားပေးတာဟာ ကိုယ်အလေးချိန်တက်တာကို တားဆီးပေးပြီး အလေးချိန်လျှော့ချပေးပါတယ်။

ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း

Prevents-Constipation

သရက်သီးလိုပဲ သရက်သီးခွံမှာ အမျှင်ဓါတ်တွေပါဝင်လို့ ဝမ်းမှန်စေပါတယ်။

ကျန်းမာတဲ့အသားအရေ

သရက်ခွံမှာ ပါဝင်တဲ့ ဆီ နဲ့အဆီဓါတ်က အသားအရေကို ရေဓါတ်ဖြည့်ပေးပြီး အသားအရေ စိုပြေကျန်းမာစေပါတယ်။