ခြေဖနောင့်နာခြင်း၊ အောင့်ခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းများမှာ…..

၁။ ဖနောင့်ကြောနှင့် အရွတ်ပြားမှာ ထိခိုက်မိခြင်း၊ ဒဏ်ဖြစ်ခြင်း။

၂။ ဖနောင့်ရိုးပင်ကိုက နောက်ဖက်မှာချွန်၍ မြင့်တက်နေခြင်း၊ ထိုအခြေအနေကို ဆေးဝေါဟာရ (Haglund’s Calcaneum) လို့လဲ ခေါ်ပါတယ်။ ဤအခြေအနေတွင် အရွတ်တွေ ဒဏ်ရာရလွယ်စေပါတယ်။

၃။ ခြေဖဝါးခွက်လွန်းသည့်အနေအထားမှာ လမ်းလျှောက်များလွန်းခြင်း၊ အရပ်များလွန်းခြင်းကြောင့်လဲ ဖနောင့်အောက်ပိုင်းနှင့်နောက်ပိုင်း နာစေတတ်ပါတယ်။

၄။ Spondy arthritis လို့ခေါ်သော အရိုးအဆစ်ရောင်သည့် ရောဂါကြောင့်လဲ လူငယ်လူရွယ်တိုင်းမှာ ဖြစ်စေတတ်ပါတယ်။

၅။ လူကြီးလူငယ်မရွေး အများဆုံးဖြစ်စေတတ်တာမှာတော့ Calcaneal Spur လို့ခေါ်သော ဖနောင့်ရိုးမှာ ကျီးပေါင်းတတ်ပြီး အတက်ကလေးထွက်ခြင်းပဲဖြစ်ပါတယ်။

၆။ ဖနောင့်သားကြေခြင်း၊ အသားမျှင်ရောင်ရမ်းခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ သူ့အလိုလိုဖြစ်နိုင်သလို အမြင့်ကခုန်ချခြင်းလိုမျိုး ထိခိုက်ဒဏ်ရာရမှုကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ထိုကဲ့သို့ဖြစ်လာခဲ့လျှင် တွေ့ရလေ့ရှိသည့် ရောဂါလက္ခဏာတွေမှာ

၁။ အိပ်ရာနိုးစ၊ ထိုင်နေရာမှ မတ်တပ်ရပ်စမှာ ထူးထူးခြားခြားနာကျင်၍ လမ်းလျှေက်လို့သွေးပူလာသည့်အခါ နာကျင်မှုလျော့ပါးသွားခြင်း

၂။ ကြာကြာမတ်တပ်မရပ်နိုင်ခြင်း

၃။ ကြာကြာလမ်းမလျှောက်နိုင်ခြင်း

၄။ ဖနောင့်အတွင်းပိုင်း သို့မဟုတ် အပြင်ပိုင်းတွေတွင် အနည်းငယ်ရောင်ရမ်းနေတတ်ခြင်း

၅။ ဖိနပ်မာမာစီးလို့မရခြင်း

၆။ လက်နှင့်ဖိကြည့်၊ ထောက်ကြည့်သည့်အခါ နာကျင်ခြင်းစတာတွေပဲဖြစ်ပါတယ်။

သက်သာအောင်ပြုလုပ်နိုင်သည့်နည်းလမ်းမှာ ကုလားထိုင်မှာထိုင်ရင်း ကြမ်းပြင်ပေါ်မှာဖနောင့်မရွေ့စေဘဲ ခြေချောင်းလေးတွေကိုကွေးပေးခြင်း၊ ကော့ပေးခြင်း လေ့ကျင့်ခန်းကို အကြိမ် ၂၀၊ ၃၀ လောက်လုပ်ပေးနိုင်ပါတယ်။