လူတွေထဲက ၂၅% ဟာအနည်းနဲ့အများခံတွင်းနံ့ မကောင်းကြပါဘူး။ ခံတွင်းနံ့မကောင်းတာကို ဆေးစာနဲ့ Halitosis လို့ ခေါ်ပါတယ်။ သွား-ခံတွင်းရောဂါနဲ့ တခြားကျန်းမာရေးအခြေအနေတွေကနေဖြစ်စေပြီး အစားအသောက်ကြောင့်လည်း ဖြစ်စေပါတယ်။ အသားငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆေးငုံတာတွေကြောင့် အနံ့ မကောင်းစေသလို ခန္ဓာကိုယ်ဝလို့လည်း ဖြစ်တတ်ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေစားရင် Brushing နဲ့ flossing ပါးစပ်ဆေးတို့နဲ့ သွားတိုက်တာတောင်မှ ခဏတာလောက် အနံ့ဖုံးပေးတာလောက်သာ တတ်နိုင်ပါတယ်။ သွားတုတပ်တာနေရာမကျတဲ့အခါ၊ ရိစ် ခေါ် မှိုရောဂါရတဲ့အခါ၊ သွားပိုးစားရင်လည်း အနံ့မကောင်းတာ ဖြစ်စေနိုင်ပါတယ်။ သည့်အပြင် ပါးစပ်ခြောက်နေတာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

လျှာ

Source: Ashland

ခံတွင်းနံ့ မကောင်းခြင်းရဲ့ ၈ဝ-၉ဝ% ဟာ လျှာကြောင့်ဖြစ်ရတာပါ။ လျှာမှာနေတဲ့ ဗက်တီးရီးယားတွေကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေပါတယ်။ နှာရည်ယိုနေတာ၊ အာခေါင်ခြောက်နေတာတွေကြောင့် ပိုဆိုးစေလို့ ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်ပေမယ့်လည်း ဒီအရာတွေက အနံ့ဆိုးကို ဖုံးပေးရုံသာ ဖုံးပေးနိုင်လို့ လျှာသန့်ရှင်းရေးက ပိုအရေးကြီးပါတယ်။

နှာခေါင်း

Source: Penn Medicine

Sinus ဆိုင်းနပ်စ်ရောဂါ ထိပ်ခပ်နာနဲ့ ပြင်ပ-ပစ္စည်း ဝင်နေတာတွေကနေ ဖြစ်စေနိုင်ပါတယ်။

အာသီး

အာသီးရောဂါကနေ ဆဲလ်တွေပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုးထွက်နိုင်ပြီး ၃-၅% မှာ ဖြစ်ပါတယ်။

အစာမြိုပြွန်

အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ Zenker’s diverticulum ရောဂါကနေလည်း ဖြစ်တတ်ပါတယ်။

ဘယ်လိုကုသမလဲ

Source: Kids Stop Dental

ခံတွင်းသန့်ရှင်းပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲသွားတိုက်ပါ။ သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။ Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်း တနေ့တခါလုပ်ပါ။ သွားအတုကိုညအချိန် ဖြုတ်ထားပြီး သန့်ရှင်းပေးပါ။ သွားဆရာဝန်နဲ့ ပုံမှန် တနှစ်နှစ်ခါ စစ်ဆေးကုသပါ။ ရေများများသောက်ပါ။ Chewing gum ငုံပါ။ ဖြစ်နိုင်ရင် သကြားမပါတာကိုငုံပါ။ Sucking on candy စုပ်ရတဲ့ အစားအစာမျိုးကနေသွားရည် ပိုထွက်စေတယ်။ သကြားမပါရင် ပိုကောင်းပါတယ်။

လျှာကို ညင်ညင်သာသာ တနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က ဗက်တီးရီးယား၊ အစာအကြွင်းအကျံတွေ နဲ့ Mucus အကျိအချွဲတွေကို Tooth brush, Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေးကရိယာသုံးပါ။ ဇွန်းနဲ့လဲလုပ်လို့ ရပါတယ်။ လျှာကိုမခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ V-shaped ပုံရှိနေတဲ့ Taste buds အရသာခံအသီး-အဖုလေးတွေကိုမထိခိုက်စေပါနဲ့။ တခုခုစားပြီးတိုင်းပါးစပ် ပလုပ်ကျင်းပါ။

Credit: ဒေါက်တာတင့်ဆွေ