[Unicode]

ဖရုံသီးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ အသီးဖြစ်ပေမယ့် လူစားသုံးမှုတော့ နည်းကြပါတယ်။ တချို့ကလည်း သူ့ရဲ့ ချိုအီတဲ့ အရသာကို မကြိုက်ကြပါဘူး။

ဘာကြောင့် ဖရုံသီးကို စားသင့်သလဲ

ဗီတာမင် E, C, Beta-Carotene ဓာတ်နဲ့ ဆဲလ်တွေကို ကာကွယ်ပေးနိုင်တဲ့ Antioxidants ဓာတ် တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဗီတာမင်ဓာတ်တွေနဲ့သတ္တုဓာတ်တွေက လေဖြတ်၊ နှလုံးရောဂါ၊ မျက်စိအတွင်းတိမ်စွဲတာနဲ့ကင်ဆာရောဂါတို့ကို ကာကွယ်ပေးပါတယ်။

heart-attack

ကယ်လိုရီပါဝင်မှုနည်းပြီး သတ္တုဓာတ်ပါဝင်မှုများ

ဖရုံသီး 100g မှာ ၂၈ ကယ်လိုရီ ဘဲပါဝင်တဲ့အပြင် သွားနဲ့အရိုး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ကယ်ဆီယမ်၊ Phosphorus ဓာတ်တွေပါဝင်ပါတယ်။

နှလုံးရောဂါကိုကာကွယ်ပေးနိုင်တဲ့ ပိုတက်ဆီယမ်ဓာတ်တွေပါဝင်တဲ့အပြင် သွေးအတွက်ကောင်းတဲ့ သံဓာတ် နဲ့ မျက်လုံးနဲ့ အရေပြားကျန်းမာရေးအတွက်ကောင်းမွန်တဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေပါဝင်ပါတယ်။

အရေပြား ပြဿနာတွေကိုလည်း ပျောက်ကင်းစေနိုင်

what-your-skin-says-about-your-health

အရေပြား ကျန်းမာရေးအတွက် ဖရုံသီးကို ထောင်းပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်လောက်ကပ်ပြီး ရေဆေးချပေးပါ။ မျက်နှာပေါ်က အညစ်အကြေးတွေ ၊ မိတ်ကပ်တွေကို စင်ကြယ်အောင် ဖယ်ရှားပေးနိုင်ပြီး အရေးအကြောင်းတွေကို ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် ဆားဝက်ခြံထွက်တာနဲ့ဝက်ခြံ ထွက်တာတွေကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

အိပ်ရေး၀၀နဲ့အိပ်ပျော်နိုင်

ဖရုံသီးမှာ ဗီတာမင် B ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဗရုံသီးကို အစိမ်းစားစား၊ ဖုတ်စားစား၊ ကြော်စားစား ၊ ဟင်းချက် စားစား စားသုံးရင် ညကို အိပ်ရေး ၀၀နဲ့အိပ်ပျော်စေနိုင်ပါတယ်။ အဲ့ဒီအပြင် အစာခြေစနစ်ကို ကောင်းစေတဲ့ အမျှင်ဓာတ်၊ Pectins ဓာတ်နဲ့ တခြား အာဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

[Zawgyi]

ဖရုံသီးက က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတဲ့ အသီးျဖစ္ေပမယ့္ လူစားသံုးမႈေတာ့ နည္းၾကပါတယ္။ တခ်ိဳ႕ကလည္း သူ႔ရဲ႕ ခ်ိဳအီတဲ့ အရသာကို မႀကိဳက္ၾကပါဘူး။

ဘာေၾကာင့္ ဖရုံသီးကို စားသင့္သလဲ

ဗီတာမင္ E, C, Beta-Carotene ဓာတ္နဲ႔ ဆဲလ္ေတြကို ကာကြယ္ေပးႏိုင္တဲ့ Antioxidants ဓာတ္ ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒီဗီတာမင္ဓာတ္ေတြနဲ႔သတၱဳဓာတ္ေတြက ေလျဖတ္၊ ႏွလံုးေရာဂါ၊ မ်က္စိအတြင္းတိမ္စြဲတာနဲ႔ကင္ဆာေရာဂါတို႔ကို ကာကြယ္ေပးပါတယ္။

heart-attack

ကယ္လိုရီပါ၀င္မႈနည္းၿပီး သတၱဳဓာတ္ပါ၀င္မႈမ်ား

ဖရုံသီး 100g မွာ ၂၈ ကယ္လိုရီ ဘဲပါ၀င္တဲ့အျပင္ သြားနဲ႔အရိုး က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ ကယ္ဆီယမ္၊ Phosphorus ဓာတ္ေတြပါ၀င္ပါတယ္။

ႏွလံုးေရာဂါကိုကာကြယ္ေပးႏိုင္တဲ့ ပိုတက္ဆီယမ္ဓာတ္ေတြပါ၀င္တဲ့အျပင္ ေသြးအတြက္ေကာင္းတဲ့ သံဓာတ္ နဲ႔ မ်က္လံုးနဲ႔ အေရျပားက်န္းမာေရးအတြက္ေကာင္းမြန္တဲ့ မဂၢနီဆီယမ္ဓာတ္ေတြပါ၀င္ပါတယ္။

အေရျပား ျပႆနာေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္

what-your-skin-says-about-your-health

အေရျပား က်န္းမာေရးအတြက္ ဖရုံသီးကို ေထာင္းၿပီး မ်က္ႏွာေပၚမွာ ၁၀ မိနစ္ေလာက္ကပ္ၿပီး ေရေဆးခ်ေပးပါ။ မ်က္ႏွာေပၚက အညစ္အေၾကးေတြ ၊ မိတ္ကပ္ေတြကို စင္ၾကယ္ေအာင္ ဖယ္ရွားေပးႏိုင္ၿပီး အေရးအေၾကာင္းေတြကို ကာကြယ္ေပးပါတယ္။

အဲ့ဒီအျပင္ ဆား၀က္ၿခံထြက္တာနဲ႔၀က္ၿခံ ထြက္တာေတြကိုလည္း သက္သာ ေပ်ာက္ကင္းေစပါတယ္။

အိပ္ေရး၀၀နဲ႔အိပ္ေပ်ာ္ႏိုင္

ဖရုံသီးမွာ ဗီတာမင္ B ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ဗရုံသီးကို အစိမ္းစားစား၊ ဖုတ္စားစား၊ ေၾကာ္စားစား ၊ ဟင္းခ်က္ စားစား စားသံုးရင္ ညကို အိပ္ေရး ၀၀နဲ႔အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ အဲ့ဒီအျပင္ အစာေျခစနစ္ကို ေကာင္းေစတဲ့ အမွ်င္ဓာတ္၊ Pectins ဓာတ္နဲ႔ တျခား အာဟာရဓာတ္ေတြလည္း အမ်ားႀကီးပါ၀င္ပါတယ္။