ဖရုံသီးကိုစားလို့ရသလို ဖရုံညွှန့်ကိုလည်း စားလို့ရပါတယ်။ ဖရုံညွှန့်မှာ ရေဓါတ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စ်ဖော့ရပ်စ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် A,K,နဲ့ဖော့လိတ် အက်ဆစ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

နှလုံးကျန်းမာရေး

benefits-of-basil-protect-your-heart

ဖရုံညွှန့်ဟာ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အရသာရှိပါတယ်။ဖရုံညွှန့်ကို ပုံမှန်စားပေးမယ်ဆိုရင်တော့ သွေးတွင်းကိုလက်စထရောကိုကျစေပြီး အသည်းကိုကျန်းမာစေသလို၊ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ပိုတက်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ နှလုံးခုန်မမှန်ဖြစ်တာကိုကာကွယ်ပေးပြီး လေဖြတ်မှုအန္တရာယ်ကိုလျှော့ချပေးပါတယ်။

ကိုယ်ခံအားစနစ်

သံဓါတ်ပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ကူးစက်ရောဂါအမျိုးမျိုးကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးနိုင်ခြင်း

အစိမ်းရောင်ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ဖရုံညွှန့်မှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး အူမကြီးကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင်တေ့ ကင်ဆာကို အူမကြီးကင်ဆာကို တိုက်ဖျက်ပေးနိုင်ပါတယ်။

အရိုးသန်မာစေခြင်း

ကယ်လ်ဆီယမ်ဓါတ်ပါဝင်လို့ သွားနဲ့ အရိုးကို သန်မာစေပါတယ်။

ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်း

women-with-stomach-ache

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။

သွားဖက်ဆိုင်ရာကျန်းမာရေး

Portrait of young woman with toothache

ကယ်လ်ဆီယမ်၊ ဗီတာမင်D ဖော့စ်ဖော့ရပ်စ်ဓါတ်တွေပါဝင်လို့ သွားတွေကိုကျန်းမာစေပြီး မေးရိုးကိုလည်း ခိုင်မာစေပါတယ်။ တခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေလည်းပါဝင်လို့ သွားနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းကုသပေးနိုင်ပါတယ်။

အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း

Antioxidant တွေကြွယ်ဝစွာပါဝင်လို့ အရွယ်အတိုင်ခင် အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ သင့်ကိုပိုပြီးနုပျိုစေပြီး အသက်ရှည်စေပါတယ်။