လိမ္မော်သီးက ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ အစားအစာထဲမှာပါဝင်ပါတယ်။ ဒါပေမယ့် လိမ္မော်သီးခွံမှာ လိမ္မော်သီးလိုမျိုး လိမ္မော်သီးထက်ပိုတဲ့ အာဟာရတွေအများကြီးပါဝင်တာတော့ သိကြသူတွေ နည်းကြပါတယ်။ ဒီမှာ သုံးတဲ့ လိမ္မော်သီးအခွံက Organic နဲ့ စိုက်ထားတဲ့ လိမ္မော်သီး ဒါမှမဟုတ် ပိုးသတ်ဆေးတွေအများကြီးသုံးပြီး စိုက်ထားတဲ့ လိမ္မော်သီးအခွံ မဖြစ်ဖို့တော့ လိုအပ်ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေ

လိမ္မော်သီးနဲ့ လိမ္မော်သီးအခွံမှာ ပါဝင်တဲ့ ကယ်လိုရီကနည်းပြီး အမျှင်ဓာတ်တွေတော့ အများကြီး ပါဝင်ပါတယ်။

အဲ့ဒီအပြင် ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

လိမ္မော်သီးအခွံကို ရေနွေးကြမ်းအဖြစ် ဒါမှမဟုတ် အသီးဖျော်ရည် ဖျော်သောက်တဲ့နေရာမှာ ထည့်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အဲ့ဒီအပြင် ဗိုက်ပြည့်နေတဲ့ ခံစားချက် မျိုး ရနေမှာကြောင့် ခဏခဏလည်း စားဖြစ်တော့မှာမဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ ကယ်လိုရီအများကြီး မစားအောင် ကူညီပေးပါလိမ့်မယ်။

အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်

လိမ္မော်သီးခွံမှာ ဗီတာမင် C ဓာတ်ပါဝင်တာကြောင့် မှည့်ခြောက်တွေ နဲ့ အသက်အရွယ်ကြီးမြင့်တာကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားပေါ်က အမည်းစက်၊ အမှတ်တွေကို ပျောက်ကင်းစေပါတယ်။

အဲ့ဒီအပြင် နေလောင်တာ၊ အဆိပ်အတောက်တွေကြောင့် အရေအပြား ထိခိုက်ပျက်စီးနေတာတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးပါတယ်။

သွားကျန်းမာရေးအတွက်ကောင်းမွန်

လိမ္မော်သီးအခွံကို ဝါးပေးရင်

သွားကို ခိုင်မာစေ

ဘက်တီးရီးယား ပိုးမွှားတွေကို ထိန်းချုပ်ပေး

သွားမှာ အဝါရောင်ပြောင်းသွားတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သူ့မှာပါဝင်တဲ့ ဆီတွေက ခန္ဓာကိုယ်အတွက် ကောင်းမွန်ပြီး သွားကြေလွှာတွေကို ဘက်တီးရီးယားပိုးမွှားတွေ မဖျက်ဆီးအောင် ကာကွယ်ပေးပါတယ်။

လိမ္မော်သီး ခွံရေနွေးကြမ်း

လိမ္မော်သီးခွံကို ပါးပါးလှီးပါ။

ရေနွေးကို လိမ္မော်သီးခွံထဲကို လောင်းထည့်ပါ။

ထည့်ချင်ရင် လက်ဖက်ခြောက်ထည့်လို့ရပါတယ်။

၁၅ မိနစ်လောက်ကြာရင်တော့ လိမ္မော်သီး ရေနွေးကြမ်းသောက်လို့ရပါပြီ။

ဒါမှမဟုတ်ရင် လိမ္မော်သီးအခွံကို အခြောက်လှမ်းပြီး အဆင်ပြေသလို စားလို့ရပါတယ်။