Oregano

Source: marysheirloomseeds.com

ဟင်းခတ်အမွှေးအကြိုင်အပင်တစ်မျိုးဖြစ်တဲ့ Oregano ပင်မှာ ဗီတာမင်ဓာတ်တွေနဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစနစ်ကောင်းမွန်စေပါတယ်။ အဲ့ဒီအပြင် အသက်ရှူလမ်းကြောင်းနဲ့အဆုတ်ကို အားကောင်းစေတဲ့ ကွန်ပေါင်းဓာတ်တွေလည်း ပါဝင်နေပါတယ်။

Oregano အရွက်ကို ဟင်းချက်ရာမှာ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုလို့ရပြီး Market Place ဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။

စမုန်ဖြူ (Thyme)

thyme

ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ စမုန်ဖြူ (Thyme) က ချွဲတွေ ပိတ်ဆို့နေတာကိုတွေ ရှင်းလင်းသက်သာစေပါတယ်။ အဲ့ဒီအပြင် ရောဂါပိုးမွှားနဲ့ မှိုတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

စမုန်ဖြူ (Thyme) က အဆုတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာ၊ ဘက်တီးရီးယား ဝင်တာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ပင်စိမ်း (Sage)

Source: Gilmour

ပင်စိမ်း (Sage) က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ လည်ချောင်းနာ၊ အာတီးယောင်နဲ့ချောင်းဆိုး လို့ရှိရင် ပင်စိမ်း ခတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပါ။

ပင်စိမ်းရေနွေးကြမ်းရဲ့အနံ့တင် အဆုတ်ရောင်တာနဲ့ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေကို သက်သာစေပါတယ်။