ရေမုန်ညှင်းမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဟာရတွေများစွာပါဝင်ပါတယ်။ ရေမုန်ညှင်းကို စာဖတ်သူတို့လည်း ကြိုက်နှစ်သက်ပြီး စားသုံးဖြစ်ကြမယ်ထင်ပါတယ်။ ကြော်ပြီးစားစာ သုပ်ပြီးစားစား အရသာရှိပါတယ်။ အဟာရဓါတ်ကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးပါ။

ကင်ဆာကာကွယ်ပေးနိုင်ခြင်း

ရေမုန်ညှင်းဟာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အဟာရဓါတ်တွေပါဝင်ပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးအားနည်းခြင်းကို သက်သာစေတယ်

သွေးအားနည်းရောဂါကို ကုသပေးနိုင်ပါတယ်။ သံဓါတ်နဲ့ ဖောလစ်အက်ဆစ်တွေပါဝင်လို့ အရိုးတွေကိုလည်း သန်မာစေပါတယ်။ ဗီတာမင်C ပါဝင်လို့လည်း သံဓါတ်ကို စုပ်ယူမှုအားကောင်းပါတယ်။

ဆီးချို


သွေးတွင်း သကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်ပြီး သွေးတွင်း ဂလူးကိုစ့်မြင့်မားတာကို သက်သာစေပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ကာလွတ်ဟိုက်ဒရိတ်ကို စုပ်ယူမှုကို လျှော့ကျစေလို့ ဆီးချိုသမားတွေအတွက် ကောင်းမွန်ပါတယ်။

အရိုးကျန်းမာရေး

ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင် A, C နဲ့ K စတာတွေပါဝင်ပြီး အရိုးကို ကျန်းမာစေသလို သန်မာစေပါတယ်။

အအေးမိဖျားနာခြင်း

အအေးမိဖျားနာတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ချောင်းဆိုသက်သာစေခြင်း

ချောင်းဆိုခြင်းကို သက်သာပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေ ရေမုန်ညှင်းမှာပါဝင်ပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေခြင်း

အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဗီတာမင် C နဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ကျန်းမာစေပါတယ်။

မျက်လုံးကျန်းမာရေး

ရေမုန်ညှင်းမှာပါဝင်တဲ့ Antioxidant တွေနဲ့အတူ ဗီတာမင် A နဲ့ ဇင့်စ်တွေဟာ မျက်လုံးကို ပိုပြီးကျန်းမာစေပါတယ်။ အမြင်အာရုံကို ကြည်လင်စေပါတယ်။

အရက်နာကျတာကို သက်သာစေပါတယ်


အရက်နာကျတဲ့အခါ အသည်းမှာ အရက်ကဖြစ်တဲ့ အဆိပ်အတောက်တွေပိုပြီး ဖြစ်ပေါ်စေပါတယ်။ ရေမုန်ညှင်းကို လိမ္မော်သီး၊ မုန်လာဥနီ စတဲ့တခြားအသီးအနှံတွေနဲ့ ရောကြိတ်ပြီး ဖျော်သောက်ပေးတာဟာ အသည်းမှာဖြစ်ပေါ်နေတဲ့ အဆိပ်အတောက်တွေ ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

သိုင်းရွိုက်ဂရင်း

သိုင်းရွိုက်ဂရင်းရဲ့ လုပ်ဆောင်မှုကို အားကောင်းစေပြီး Hypothyroid သမားတွေအတွက် ကောင်းမွန်ပါတယ်။ သို့ပေမယ့် အိုင်အိုဒင်းဓါတ်ပါလို့ Hyperthyroid သမားတွေ ရှောင်သင့်ပါတယ်။ (သို့) အကန့်အသတ်နဲ့သာစားသင့်ပါတယ်။