အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး လူကြိုက်များတဲ့ ပဲပင်ပေါက်အကြောင်းကိုပြောရမယ်ဆိုရင်တော့ ဗီတာမင် B,C,B1,B6,K,A စတဲ့ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ ပဲမျိုးဖြစ်ပါတယ်နော်။

Health-benefits-of-Bean-Sprouts

ဒါတင်မကသေးပါဘူး သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် အပြင် Omega 3 Fatty Acids ကြွယ်ဝစွာပါဝင်ပါတယ်။

ပဲပင်ပေါက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

ကင်ဆာကာကွယ်ပေးခြင်း

ပဲပင်ပေါက်ဟာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး အူမကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီးတော့ ကင်ဆာအမျိုးမျိုးဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားပေးသင့်ပါတယ်။

နှလုံးရောဂါဖြစ်ပွားမှုနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးခြင်း

heart-disease-03

နှလုံးရောဂါဖြစ်ပွားမှုနဲ့ လေဖြတ်မှုတို့ဟာ သွေးတွင်းမှာ အဆီဓါတ်ပါဝင်မှုမြင့်မားတာနဲ့ ဆက်စပ်နေပါတယ်။ ပဲပင်ပေါက်ကို များများစားပေးတာဟာ သွေးတွင်းကိုလက်စထရော်ပါဝင်မှုကို လျှော့ကျစေပြီး အဆီပါဝင်မှုကိုလည်း လျှော့ချပေးလို့ စားပေးသင့်ပါတယ်။

အရိုးပွရောဂါကာကွယ်ပေးခြင်း

346313f6e94be789a689a7df858c6fce

အရိုးအားနည်းတာ အရိုးပွရောဂါမဖြစ်စေဖို့အတွက် ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့အစားအစာ များများစားပေးသင့်ပါတယ်။ ပဲပင်ပေါက်မှာ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အရိုးကို ကျန်းမာစေပါတယ်။

ကိုယ်ခံအားစနစ်

benefits-of-basil-improve-your-immune-system

ပဲပင်ပေါက်မှာ သဘာဝအတိုင်း ဆဲလ်တွေကိုသေစေတဲ့ ဓါတ်တွေပါဝင်လို့ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီး ကျန်းမာစေပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

အသားအရေအတွက်

mung-bean-sprouts

ပဲပင်ပေါက်ဟာ အသားအရေကောင်းမွန်စေတဲ့ ပဲတစ်မျိုးပါ။ ဗီတာမင် E ကြွယ်ဝစွာပါဝင်လို့ အသားအရေကို နုပျိုစေပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

d35252c3c60157594025f1bb8350a45a

အဆီမပါလို့ ကိုယ်အလေးချိန်ကျစေပါတယ်။ ဆီးချိုဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အမျိုးသမီးတို့ ဓမ္မတာကာလ ဗိုက်နာတာ မအီမသာဖြစ်တာကို ကာကွယ်ပေးတယ်

szeretnel_energetikus_maradni_es_fogyni_a_menstruacio_alatt_ezt_a_modszert_probald_ki_5

ရာသီမလာခင် ဘယ်လောက်နာကျင်တယ်ဆိုတာ အမျိုးသမီးထုကြီးကပဲ သိရှိနားလည်မှာပါ။ ပဲပင်ပေါက်ကို စားပေးမယ်ဆိုရင် ဓမ္မတာကာလနဲ့ အကြိုကာလတွေမှာ ဗိုက်နာ ခါးနာတာ မအီမသာဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတို့အတွက် အထူးကောင်းမွန်တဲ့ အစားအစာဖြစ်ပါတယ်။

3cf28bc86ceeca23d4835800f966e572

ဒါ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်။ အသည်းကိုကျန်းမာစေပြီး စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အထူးသင့်တော်ပြီး ကလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ပါတယ်။ အဖိုးနည်းပေမယ့်လည်း ကျန်းမာရေးအကျိုးကျေးဇူးကတော့ အံ့မခန်းမို့ ပဲပင်ပေါက်ကို များများစားပေးဖို့ အကြံပြုလိုက်ပါတယ်။