လူတိုင်း စိတ်ဖိစီးမှု အနည်းနဲ့ အများတော့ရှိကြမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ ခေါင်းကိုက်တာတွေကို သက်သာပျောက်ကင်းစေဖို့ ခန္ဓာကိုယ်မှာ ဖိပေးရမဲ့ နေရာလေးတွေကို မျှဝေပေးချင်ပါတယ်။

နည်း ၁

လက်ညိုးနဲ့လက်မကြားထဲက ကြွက်သားကို ၄ စက္ကန့် ၅ စက္ကန့်လောက်ဖိပေးပါ။  ခေါင်းကိုက်တာ စိတ်ဖိစီးတာ လည်ပင်းညောင်းတာ တွေကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။

နည်း ၂

ပုခုံးရိုးနားကို ဖိပြီး နှိပ်ပေးပါ။

နည်း ၃

ခြေမနားနဲ့ ခြေချောင်ေးလးတွေရဲ့ အပေါ်နားမှ လက်မကိုသုံးပြီး ဖိထားပေးပါ။ အိပ်မပျော်တာတွေ စိတ်ဖိစီးတာတွေ သွေးတိုးတာတွေအပြင် အမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ နာကျင် ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

နည်း ၄

အခုပုံမှာ ပြထားတဲ့အတိုင်း ခေါင်းတစ်ခုလုံးကို လက်ချောင်းတွေနဲ့ ဖိထားပြီး လက်မနှစ်ဖက်က နောက်စေ့အောက် လည်ပင်နားက ကြွက်သားကို ဖိပေးရမှာပါ။ ခေါင်ကိုက်တာတွေ အကြောတက်တာတွေ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေမှာပါ။

နည်း ၅

ဒူးခေါင်းရိုးနားမှာ လက်မနဲ့ တခြားလက်ချောင်းကို ဖိပြီးနှိပ်ပေးပါ။

နေလို့ကောင်းသွားပြီလားရှင့်။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ချစ်သူခင်သူတွေအတွက်ပဲဖြစ်ဖြစ် နည်းလမ်းကောင်းတွကို မှတ်ထားလိုက်နော်။