မွေးလာတော့မဲ့ကလေးရဲ့ ကျန်းမာရေးကို ကြိုတင်သိချင်ရင် ကိုယ်ဝန်ဆောင်ကတည်းက စမ်းသပ်လို့ရတာတွေရှိတယ်။ အကုန်လုံး မဟုတ်တောင်မှာ အများဆုံးဖြစ်တတ်တဲ့ ကလေးရဲ့ ချို့ယွင်းချက်တွေကို ကြိပြီးသိထားနိုင်တာမို့ လိုတဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မယ်။ မွေးတဲ့အခါ၊ မွေးပြီးနောက် သတိထားရမှာတွေလဲ ကြိုတင်ပြင်ဆင်ထားနိုင်တယ်။ မွေးရာပါ လက်မခံနိုင်လောက်တဲ့ ချို့ယွင်းချက်ရှိနေတာဆိုရင် တရားဝင်လုပ်ခွင့်ရှိတဲ့ နိုင်ငံတွေ၊ နေရာတွေမှာ ကိုယ်ဝန် ဖျက်ပြစ်နိုင်တယ်။

Human chorionic gonadotropin (hCG)

ကိုယ်ဝန်ရှိပြီး အချင်းဖြစ်လာရင် အချင်းနဲ့ဆိုင်တဲ့ (hCG) ခေါ်တဲ့ ဟော်မုန်း ထွက်လာတယ်။ သွေးကိုလဲ စစ်နိုင်တယ်။ ဆီးကိုလဲ စစ်နိုင်တယ်။ ကိုယ်ဝန်ရှိ-မရှိဆီးစစ်တယ်ဆိုတာ ဒီဟော်မုန်း ပါနေ-မနေစစ်ရတာဖြစ်တယ်။ စော်မုန်း ရှိနေတာ သာမကဘဲ အနည်း-အများလဲ စစ်သင့်တယ်။ အမွှာကိုယ်ဝန်ဆိုရင် များနေမယ်။ မွေးရာပါချို့ယွင်းချက် တချို့ကိုစစ်ရင် ဒီနည်းကိုပါ တွဲလုပ်ရတယ်။ Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) ခေါ်တဲ့ ဦးနှောက်ချို့ယွင်းချက်နဲ့ကလေး ရှိနေရင် ဒီဟော်မုန်း များနေမယ်။

Alphafetoprotein (AFP or triple) screening

သွေးကိုစစ်တယ်။ Fetal neural tube defects ခေါ်တဲ့ ဖြစ်ကာစ အာရုံကြောမှာ ချို့ယွင်းနေတာကို သိနိုင်တယ်။ ဒီလို ရောဂါရှိနေတဲ့ကလေးမှာ Spina bifida ခေါ်တဲ့ ခါးရိုးမကြီးထဲနေတဲ့ အာရုံကြောကြီးက မွေးလာရင် ပိတ်မနေလို့ ခါးမှာ အနာလို ပွင့်နေတဲ့ကလေး ဖြစ်မယ်။ Anencephaly ခေါ်တဲ့ ဦးနှောက်မပါတဲ့ ကလေးလဲ ဖြစ်နိုင်တယ်။ Down syndrome လဲဖြစ်နိုင်တယ်။ AFP, hCG နဲ့ Estriol ၃ မျိုးလုံးတွဲစစ်ရတယ်။ Triple screen ခေါ်တယ်။ Inhibin နည်းပါလုပ်တာကို Quad screen ခေါ်တယ်။ ၄ မျိုးတွဲစစ်နည်း။

Ultrasound

(အာလ်ထွာဆောင်း) ကိုယ်ဝန်ဆောင်ရင် အနည်းဆုံး တခါတော့ရိုက်သင့်တယ်။ ကလေး၊ အချင်း အနေအထား၊ အရွယ်အစားတွေသာမကာ ကလေးချို့ယွင်းချက်ရှိနေရင်လဲ သိနိုင်တယ်။

Glucose screening

သကြားဓါတ်စစ်ရမယ်။ ဆီးရော သွေးပါစစ်တယ်။ ဆီးချို အတွက်ဖြစ်တယ်။ ကိုယ်ဝန်ဆောင် ၃့၅% မှာ ဆီးချိုရှိတယ်။

Amniocentesis

ရေမြွာရည်စစ်နည်း လိုအပ်သူတွေကိုသာလုပ်ရတယ်။ အန္ကရာယ်ကို သတိထားလုပ်ရတယ်။ ကိုယ်ဝန်ဆောင်က ၃၅ နှစ် ကျော်သူတွေမှာ Genetic or Chromosomal disorders မျိုးဗီဇ ချို့ယွင်းနေမလား သိချင်လို့ ဖြစ်တယ်။

Chorionic Villus Sampling

ရေမြွာရည်စစ်နည်းဘဲ ကလေးမွေးရာပါချို့ယွင်းချက် စစ်တာပါ။ စောစောသိနိုင်တယ်။ ရေမြွာရည်နည်းနေသူကို ဒီနည်း လုပ်နိုင်တယ်။

Cordocentesis

Fetal blood sampling လဲခေါ်တယ်။ Percutaneous umbilical cord sampling လို့လဲခေါ်တယ်။ သားအိမ်ထဲက ကလေးရဲ့ Umbilical cord ချက်ကြိုးထဲက သွေးကို စုပ်ယူပြီးစမ်းတာဖြစ်တယ်။ ကလေးသွေးမှာ အောက်စီဂျင် အနည်း-အများ သိလို့ သွေးအားနည်းနေ-မနေသိမယ်။ Maternal antibodies မိခင်ရဲ့ (အင်တီဘော်ဒီ) ကိုလဲ သိနိုင်သေးလို့ မအေဆီကနေ ရမဲ့ ရောဂါကာကွယ်နိုင်စွမ်း အနည်း-အများကိုပါ သိနိုင်တယ်။