နာတာရှည် ခေါင်းကိုက်တာက အရမ်းကို ဆိုးရွားတဲ့ ဝေဒနာတစ်ခုပါဘဲ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၃၇ သန်းလောက်က နာတာရှည် ခေါင်းကိုက်ဝေဒနာကို တစ်ဘဝလုံးနီးပါး ခံစားနေရပါတယ်။ ဒီဝေဒနာက အလုပ်၊ မိသားစုဘ၀ တွေနဲ့ ဘဝတစ်ခုလုံးကို ဆိုးရွားစွာ ဒုက္ခပေးနိုင်ပါတယ်။

နာတာရှည် ခေါင်းကိုက်သူတွေရဲ့ လက္ခဏာတွေက မူးဝေ၊ အော့န်၊ ထုံနေသလိုခံစားရမယ်၊ အလင်းကို မကြည့်နိုင်တာတွေ ဖြစ်တတ်ပါတယ်။

နာတာရှည်ခေါင်းကိုက်တာတွေနဲ့ပတ်သက်ပြီး သုတေသနလုပ်ကြည့်တဲ့အခါမှာ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ချို့တဲ့တာတွေနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။

ပန်းဂေါ်ဖီ

cauliflower

ပန်းဂေါ်ဖီမှာ ဗီတာမင် D, Folate နဲ့ Coenzyme Q 10 တို့ ပါဝင်တာကြောင့် နာတာရှည် ခေါင်းကိုက်တာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

ငှက်ပျောသီး

banana-e1465824555431

ငှက်ပျောသီးတွေမှာ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် နာတာရှည် ခေါင်းကိုက်သူများ တစ်နေ့ကို အနည်းဆုံး ၁လုံးလောက် စားပေးသင့်ပါတယ်။

Almonds

almonds-e1465993700959

Almonds သီးတွေမှာ Riboflavin ဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Almonds စေ့တွေကို အဆာပြေအစားအစာအဖြစ် စားပေးသင့်ပါတယ်။

နှမ်းစေ့

toasted-sesame-seeds

နှမ်းစေ့တွေမှာ ဗီတာမင် E ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ၁ လနီးပါးလောက် ခေါင်းကိုက်နေရင် နှမ်းစေ့လေးတွေကို စားပေးခြင်းဖြင့် သက်သာလာမှာဖြစ်ပါတယ်။

ကညွတ်

ကညွတ်မှာ နာတာရှည်ခေါင်းကိုက်တာကို သက်သာ ပျောက်ကင်းစေမယ့် Riboflavin ဓာတ်နဲ့ ဗီတာမင်ဓာတွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ မဂ္ဂနီဆီယမ် ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ သင်စားလေ့ရှိတဲ့ နေ့လယ်စာ၊ ညစာတွေထဲကို အသီးအရွက်တစ်မျိုးလောက်ထည့်စားလိုက်ရုံနဲ့ နာတာရှည် ခေါင်းကိုက်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။