အာလူးကတော့ အရသာလည်းရှိလို့ မြန်မာတို့ အမျိုးမျိုးချက်စားကြပါတယ်။

Green-Bean-With-Marinated-Potato

အိမ်မှာစားဖို့အတွက် အာလူးကိုဝယ်ရင် အလှအပအတွက်လည်း တစ်လုံးလောက်ကို အသုံးပြုလိုက်ရင် ဘယ်လိုလဲရှင့်။

စားလည်းစားလို့ရတယ် လှလည်းလှသွားမယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။

၁။ အာလူး နဲ့ သံပုယိုသီး

potato-and-lemon-face-mask

အာလူး ၁ လုံး

သံပုယိုသီး တစ်ဝက်

ပြင်ဆင်ခြင်း

Dark-SpotLightens-Skin1

အာလူးကို Blender (ဖျော်စက်) နဲ့ဖျော်ပြီး သံပုယိုသီးညှစ်ထည့်ပါ။ ပြီးရင် သေချာမွှေပေးပါ။

ရောထားတဲ့ဟာကို မျက်နှာပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။

၂။ အားလူးနဲ့ သခွားသီး

Use-Potato-With-Cucumber

ပါဝင်ပစ္စည်း

အာလူး ၁ လုံး

သခွားသီး တစ်ခြမ်း

ပြင်ဆင်ခြင်း

22-Easy-Homemade-Cucumber-Face-Mask-Recipes-To-Nourish-Skin0

အာလူးနဲ့သခွားသီးကို ဖျော်စက်ထဲထည့်ပြီး မွှေပေးပါ။

ပြီးရင် မျက်နှာပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချပါ။

Source: healthylifecenter.net