ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးတွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ပေးပြီး သွေးတွင်းမှ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားသန့်စင်ပေးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် မဖြစ်မနေဂရုစိုက်ဖို့လိုပါတယ်။သို့သော်လည်း လူအများစုနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ကျောက်ကပ်ကို ဆိုးရွှားစွာထိခိုက်ပျက်စီးစေတဲ့ အရာတွေပါနေတယ်ဆိုကိုတော့ တော်တော်များများ သတိမမူမိကြပါဘူး။ဒီတစ်ခေါက်မှာတော့ ကျောက်ကပ်ကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေတဲ့ အစားအစာတွေကို သတိထားဆင်ခြင်မိစေဖို့ မျှဝေပေးလိုက်ပါမယ်။

(၁) ထောပတ်သီး

Source : Dr. Phil Maffetone

လူကြိုက်များပြီး အဟာရဓာတ်များစွာပါဝင်တဲ့ ထောပတ်သီး တွေဟာ ကျောက်ကပ်အတွက်တော့ ကောင်းမွန်လှတဲ့အစား အစာတစ်ခုမဟုတ်ပါဘူး။ ထောပတ်သီးတွေမှာ ပိုတက်ဆီယမ် ပမာဏမြင့်မားစွာပါဝင်နေတာကြောင့် ထောပတ်သီးများစွာစားသုံးမိတဲ့အခါ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ပိုတက်ဆီယမ်ပမာ ဏထက်ပိုနေတက်ပါတယ်။ထိုအခါ ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေတဲ့ပြီး ကြွက်သားနာကျင်ကိုက်ခဲခြင်း နှလုံးခုန်နှုန်းကိုများကမောက်ကမဖြစ်စေခြင်းများ ဖြစ်လာနိုင်ပါတယ်။

(၂) အသား

Source : Bustle

အနီရောင်ရှိတဲ့ အမဲသား ဝက်သားလို အသားတွေမှာ ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပါတယ်။ပရိုတင်းပါတဲ့အသားတွေကိုမျစွာစားသုံးမိမယ်ဆိုရင် ခန္ဓာဇီဝကမ္မဖြစ်စဉ်ကို အနှောက်ယှက်ဖြစ်စေပြီး ကိုယ်တွင်းအညစ်အကြေးတွေ ပိုမိုစွန့်ထုတ်ပေးရတာကြောင့် ကျောက်ကပ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကာ ကျောက်ကပ်ကျန်းမာရေးကိုဆိုးရွှာစွာထိခိုက်စေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်မှာလိုအပ်တဲ့ ပရိုတင်းဓာတ်ကို အသားအစား အစေ့အဆံတွေ ဟင်းသီးဟင်းရွှက်တွေစားသုံးခြင်းဖြင့် ရယူသင့်ပါတယ်။

(၃) ဆား

Source : Vagabomb

အရသာရှိတဲ့အစားအစာတွေအတွက် ဆားကမပါမဖြစ်လို့ ဆိုလို့ရပေမယ့် ဆားစားသုံးမှုများမယ်ဆိုရင် ကျောက်ကပ်အတွက် အန္တရာယ်ရှိပါတယ်။ ဆားစားသုံးမှုများတဲ့အခါ ဆားမှာပါဝင်တဲ့များစွာသော ဆိုဒီယမ်ဓာတ်တွေက ကျောက်ကပ်ထိခိုက်ပျက်စီးစေပြီး အကျိုးဆက်အနေနဲ့ ကတော့ သွေးဖိအားကိုမြင့်တက်စေတက်စေကာ သွေးတိုးနဲ့နှလုံးရောဂါဖြစ်ပွားမှုနှုန်းကိုမြင့်တက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ဆားပါဝင်မှုများတဲ့ စည်သွပ်ဗူးတွေ ပြုပြင်ထားတဲ့အစားအစာတွေ အအေးခံထားတဲ့ပီဇာတွေကိုတက်နိုင်သလောက်ရှောင်ကျဉ်သင့်ပါတယ်။

(၄) နို့ထွက်ပစ္စည်းများ

Source : Plant Based News

နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင်ဓာတ် ပရိုတင်းဓာတ် နဲ့ ကယ် လ်ဆီယမ်ဓာတ်တွေများစွာပါတယ်ဆိုတာအားလုံးလည်း သိပြီးသား ဖြစ်မယ်ထင်ပါတယ်။ သို့သော်လည်းဒီလိုနို့ထွက်ပစ္စည်း တွေကိုများစွာစားသုံးခြင်းက ကောင်းကျိုးထက်ဆိုးကျိုးဘက် ကိုပိုဦးတည်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအစားအစာတွေထဲမှာ ဖော့စဖရတ်ဓာတ်များစွာပါဝင်ပြီး ကျောက်ကပ်ကိုပျက်စီးဖို့ ပိုမိုတွန်းအားပေးပါတယ်။ဒါ့အပြင့် သွေးအတွင်းမှ ဖော့စဖရတ်ဓာတ်တွေကြောင့် အရိုးတွေကို အားနည်းသွားစေပြီး အလွယ်တကူ ထိခိုက်လွယ်ကျိုးလွယ်နေမှာဖြစ်ပါတယ်။