သလဲသီးကိုကြိုက်ကြရဲ့လား။ အနီရောင်တောက်တောက်ရှိပြီး အရသာရှိတဲ့ အသီးပါ။

nódoas-de-romã

သလဲသီး ၁ လုံးမှာ အစေ့တွေအများကြီးပါဝင်ပြီး အစာပြေစားလို့ သင့်တော်တဲ့ အသီးဖြစ်တဲ့ သလဲသီးမှာ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးတွေအများအပြားပါဝင်နေပါတယ်။

ကျန်းမာစေဖို့ ဆေးဝါးတွေကို တကူးတကမှီဝဲနေစရာမလိုပါဘူး။ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေကို ဂရုစိုက်ပြီး ကျန်းမာခြင်းကို ရယူကြပါစို့။

အကျိုးကျေးဇူးများ

အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း

anti-ageing-01
သလဲသီးကိုစားပေးတာဟာ အရေးကြောင်းတွေကို ပျောက်ကင်းစေပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်လို့ အရွယ်တင်နုပျိုစေပါတယ်။

ကင်ဆာ

prevent-cancer-02

သုတေသနပြုချက်တွေအတွက် သလဲသီးမှာ Antioxidant တွေပါဝင်တဲ့အပြင် တခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေပါဝင်လို့ ကင်ဆာရောဂါဖြစ်ပွားမှုကနေကာကွယ်ပေးပါတယ်။ (အထူးသဖြင့် အဆုပ်ကင်ဆာ)

နှလုံးရောဂါ

heart-disease-03

သလဲသီးကိုတစ်နေ့ တစ်လုံးပုံမှန်စားပေးတာ (သို့) သလဲသီးဖျော်ရည်ကို သောက်ပေးတာဟာ ကိုလက်စထရောကိုကျဆင်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်

CzMJiZ0XUAAarQi

သလဲသီးမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဟာရဓါတ်တွေပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဘက်တီးရီးယားပိုးတွေ အလွယ်တကူဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

စိတ်ဖီစီးမှု

anxiety-06

သလဲသီးဖျော်ရည်ဟာ စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။

weight-control-07

ဒါ့အပြင် လေ့လာတွေ့ရှိမှုအရ သလဲသီးဟာ အဆစ်အမြစ်ရောင်တာတို့လို ရောင်ရမ်းမှုနဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန်လည်း ကျစေပါတယ်။

digestive-system-04

အစာချေစနစ်ကိုကောင်းမွန်စေတာကြောင့်လည်း ဝမ်းမှန်စေပါတယ်။

Source: http://topfithealth.com