အခုခေတ်မှာ အသက်ကြီးလာတာနဲ့ ရေတိမ် ဖြစ်လာကြတာများပါတယ်။ ရေတိမ်ရောဂါက မျက်လုံးအတွင်းက အာရုံတစ်ခုကို ထိခိုက်ပြီး နောက်ဆုံးမှာ မျက်လုံးတစ်ခုလုံးကို အရည်တွေကဖုံးလွှမ်းသွားပြီး မျက်စိအမြင်ကွယ်သွားနိုင်ပါတယ်။

ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ မျက်စိဆရာဝန်ဆီ ပုံမှန်သွားပြီး စစ်ဆေးမှုခံယူတာတို့ အားကစားလုပ်တဲ့အခါမှာ မျက်လုံးမှာရှိတဲ့ ဖိအားကို လျော့နိုင်ဖို့ မျက်လုံး အကာအကွယ်တွေ တပ်ဆင်တာတို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ မျက်လုံးအားကောင်းပြီး ရေတိမ်ရောဂါကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေ စားသုံးတာဘဲဖြစ်ပါတယ်။

ဂေါ်ဖီ

ဂေါ်ဖီမှာက Beta-Carotene ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Beta-carotene ဓာတ်တွေက ကြွက်သားတွေ မူမမှန်ဖြစ်တာကို ကာကွယ်ပေးပြီး မျက်စိကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

နိုကိုဥ

beets-red-ace-flickr

နိုကိုဥမှာ Lutein နဲ့ Zeaxanthin ဓာတ်တွေပါဝင်ပြီး ကြွက်သားနဲ့ သူငယ်အိမ် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ နိုကိုဥကို ပုံမှန်လေးစားသုံးပေးရင် ရေတိမ်နဲ့ တခြား မျက်လုံးရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

တရုတ်နံနံ

celery-e1464533174575

တရုတ်နံနံမှာ Antioxidants တွေ အများကြီးပါဝင်တာကြောင့် မျက်လုံး ကျန်းမာရေးကို ကောင်းမွန်စေပြီး ရေတိမ်၊ မျက်လုံး ကြွက်သား ကျုံ့တာ၊ တင်းတာတို့ကို ကာကွယ်ပေးပါတယ်။

ကိုက်လန်

kale-233127_960_720

ကိုက်လန်ရွက်မှာ Lutein ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး မျက်လုံးအတွက် အဓိက လိုအပ်တဲ့ ဓာတ်လည်းဖြစ်ပါတယ်။ အောက်စီဂျင်ကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်လုံးရောဂါတွေကို ကာကွယ်နိုင်တဲ့ သဘာ၀ Antioxidant များလည်း ပါဝင်ပါတယ်။

မုန်လာဥ

Raddish-1020x765

မုန်လာဥမှာ ဗီတာမင် A, ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကိုယ်စားနေကျ အစားအစာထဲမှာ မုန်လာဥကိုထည့်ပြီး စားသုံးပေးရင် မျက်လုံးတိမ်စွဲတဲ့ရောဂါကို ကာကွယ်ပေးပါတယ်။