ဒီနည်းလမ်းမျိုးကို စမ်းသပ်ဖူးပြီးပြီလား။ အခန်းထဲမှာ မီးဖိုချောင်ထဲမှာ ကြွက်တွေကို မကြာခဏတွေ့ရလေ့ရှိလို့ အနှောင့်အယှက်ဖြစ်နေလား။ အခုနည်းလမ်းကိုကြားရင် စာဖတ်သူတို့ တကယ်အံသြသွားမှာသေချာပါတယ်။

ကြွက်တွေ ပင့်ကူတွေက အခန်းတွေရဲ့ ဒေါင့်နားမှာ ကပ်ပြီး နေတတ်ပါတယ်။ ဒါ့အပြင် ရေခဲသေတ္တာဘေးနား ဟင်းသီးဟင်းရွက်တွေ ထည့်ထားတဲ့ တောင်းနားမှာပါ။ ငွေတွေလည်းအများကြီးကုန်စရာမလိုလို့ ဒီနည်းလမ်းကို စမ်းသပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။

ကြွက်တွေလာတတ်တဲ့နေရာမှာ ပူစီနံ လက်ဖက်ထုပ်ကိုထားမယ်

ပူစီနံ လက်ဖက်ထုပ်က ပူစီနံကို အခြောက်ခံပြီး လက်ဖက်ပုံစံ လုပ်ထားတာပါပဲ။ Market Place တို့လို ဈေးကွက်တွေမှာလည်း ရှာဝယ်လို့ရနိုင်ပါတယ်။ တကယ်လို့များ ရှာလို့ခက်တယ်ဆိုရင် မိမိအိမ်မှာ ပူစီနံကိုအခြောက်ခံပြီး လက်ဖက်ထုပ်ထည့်တဲ့ စက္ကူအိတ်ထဲမှာ ပြောင်းထည့်ကာ အသုံးပြုနိုင်ပါတယ်။

ပူစီနံ လက်ဖက်ထုပ်ကို ရေနွေးနဲ့ စိမ်ပြီး ယူထုတ်ကာ အခန်းရဲ့ဒေါင့်တွေ ကြွက်လာနိုင်တဲ့နေရာတွေမှာ ထားပေးပါ။ ပူစီနံထုပ် တစ်ထုပ်ထပ်ပိုပြီးလည်း အသုံးပြုလိုက်ပါတယ်။

ပူစီနံကနေ ထွက်လာတဲ့အနံ့က ကြွက်တွေကိုရော ပင့်ကူတွေကိုရော ၂ ရက်အတွင်း လာတော့မှာမဟုတ်ပါဘူး။

ကြွက်တွေနဲ့ ပင့်ကူတွေ ပြေးဖို့အတွက် ပါဝင်ပစ္စည်းတစ်မျိုးထဲလိုတာပါ။