နာနတ်သီးနဲ့ ရှားစောင်းလက်ပက်ကို ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတွေ ပိုမိုစားသုံးလာကြပါတယ်။ ဒီသီးနှံ ၂ မျိုးလုံးက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။

နာနတ်သီး၊ ရှားစောင်းလက်ပက်နဲ့ ကိုယ်အလေးချိန် ဘယ်လိုလျှော့ချမလဲ

သီးနှံ ၂ မျိုးလုံးက အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ကိုယ်လက်မအီမသာဖြစ်တာ၊ နာကျင်တာနဲ့ ဝမ်းချုပ်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်နဲ့ သွေးကို သန့်စင်ပေးနိုင်ပါတယ်။

အသီးနှစ်မျိုးလုံးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချမယ်

တစ်နေ့တာလုံးအတွက အားအင်ပြည့်ဝတဲ့ မနက်ခင်းကိုအစပြုဖို့နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ဒီနည်းလမ်းလေးက အကောင်းဆုံးပါပဲ။

ပါဝင်ပစ္စည်း

ananas-disidratata-620x350

နာနတ်သီး ၂ စိတ်

aloe-vera-gel-on-wooden-spoon-1-696x431

ရှားစောင်းလက်ပက် အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

flaxseed

နှမ်းကြတ်စေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ ၁ ခွက်

ပြုလုပ်နည်း

pineapple-juice

နာနတ်သီး ရှားစောင်းလက်ပက် နဲ့ နှမ်းကြတ်စေ့တို့ကို ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ရေထည့်ပါ။

အဲဒီဖျော်ရည်ကို မနက်စာမစားခင်မှာ သောက်သုံးပေးပါ။ ၁၀ ရက်ဆက်တိုက် အဲလိုလုပ်ပေးသောက်ပေးရင် အစာအိမ်လမ်းကြောင်းကို သန့်စင်ပေးမဲ့အပြင် အဆီတွေ လောင်ကျွမ်းသွားတာကို လက်တွေ့ခံစားရမှာပါ။ သောက်တဲ့အခါမှာ ရေခဲတုံးအနည်းငယ်ထည့်ပြီးလည်း သောက်သုံးနိုင်ပါတယ်။