[Unicode]

ကျွန်မတို့ ချစ်ခင်သူတွေနဲ့ ပစ္စည်းတွေ မျှဝေသုံးစွဲလေ့ရှိကြပါတယ်။ ဖိနပ်တွေအတူတူစီးတာ နှုတ်ခမ်းနီတွေအတူတူသုံးတာမျိုးပါ။ ဒါပေမဲ့ ဒီလိုသုံးတာဟာ ချစ်တာမဟုတ်ဘဲ နစ်ရာကျပါတယ်။ ဘယ်လိုပစ္စည်းတွေကို မျှဝေမသုံးစွဲသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

ဆပ်ပြားခဲ

ဘေဆင်တွေမှာ တင်ထားတဲ့ ဆပ်ပြာခဲဟာ မျှဝေမသုံးသင့်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဆပ်ပြာခဲကိုအတူတူမျှဝေသုံးဆွဲတာဟာ ကူးစက်ရောဂါဖြစ်ပွားစေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ဆပ်ပြာခဲအစား ဆပ်ပြာရည်ကိုပဲ သုံးသင့်ပါတယ်။ ဆပ်ပြာခဲနဲ့ ဆပ်ပြာအရည်ကလည်း ဈေးနှုန်းကွာတယ်ဆိုပေမဲ့ ကျန်းမာရေးထက်တော့ တန်ဖိုးရှိတာ ဘယ်အရာမှမရှိပါဘူး။

နှုတ်ခမ်းနီတောင့် (သို့) နှုတ်ခမ်းအလှဆီ

နှုတ်ခမ်းက မှုတွေနဲ့ တခြးဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူ ခိုကပ်နေတဲ့နေရာမှာ။ နှုတ်ခမ်းကွဲတာ နှုတ်ခမ်းခြောက်တာတွေအတွက် နှုတ်ခမ်းနီတောင့်အဆီပဲဖြစ်ဖြစ် ရိုးရိုးအဆီပဲဖြစ်ဖြစ်လိမ်းကြပါတယ်။ ဒါ့အပြင် မိန်းကလေးတွေဆို နှုတ်ခမ်းရဲရဲလေးတွေပိုင်ဆိုင်ဖို့ နှုတ်ခမ်းနီဆိုးကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် မျှဝေသုံးဆွဲတာဟာ ဘက်တီးရီးယားပိုမွှားတွေ အလွယ်တကူကူးစက်နိုင်ပါတယ်။ သင့်အတွက်ရော သင်ချစ်ရသူတွေအတွက်ရော အကျိုးရှိမှာမဟုတ်လို့ မသုံးသင့်ပါဘူး။

နားကြပ်

နားကလည်း ဘက်တီးရီးယားပိုးမွှားတွေ အများအပြား ခိုကပ်နေတဲ့နေရာတစ်ခုပါ။ နားဟာ အမြဲစိုစွတ်နေပြီး ဘက်တီးရီးယားပိုးတွေလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် နားကြပ်ကိုလည်း အတူတူ မျှဝေမသုံးစွဲသင့်ပါဘူး။

လက်သည်းညှပ်တံ နှင့် ဆက်စပ်ပစ္စည်း

ဒါကတော့ ဘာဖြစ်လို့လဲဆိုတာ တကူးတကပြောစရာလိုမယ်မထင်ပါဘူး။နော်။ လက်သည်းခြေသည်းညှပ်တဲ့ပစ္စည်းတွေကို မျှဝေမသုံးသင့်ပါဘူးရှင့်။

ပရိတ်ဓါး

အမွှေးအမျှင်တွေရိတ်တဲ့ ပရိတ်ဓါးကို အတူတူ မျှဝေမသုံးသင့်ပါဘူး။ မတော်တဆ ရှိမိတာမျိုးမဖြစ်ရင်တောင် ဒီလိုသုံးတာဟာ မှိုရောဂါကူးစက်မှုကိုဖြစ်ပွားစေလို့ မသုံးပါနဲ့နော်။

နောက်ထပ်တွဲမသုံးသင့်တဲ့ ပစ္စည်းတွေကတော့

ခေါင်းဘီး

Mascara

Eyeliner

ညှပ်ဖိနပ်

နားကပ်

သွားတိုက်တံ

ချိုင်းလိမ်းဆီ နဲ့

လက်ကိုင်ဖုန်း စတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။

[Zawgyi]

ကၽြန္မတို႔ ခ်စ္ခင္သူေတြနဲ႔ ပစၥည္းေတြ မွ်ေ၀သံုးစြဲေလ့ရွိၾကပါတယ္။ ဖိနပ္ေတြအတူတူစီးတာ ႏႈတ္ခမ္းနီေတြအတူတူသံုးတာမ်ိဳးပါ။ ဒါေပမဲ့ ဒီလိုသံုးတာဟာ ခ်စ္တာမဟုတ္ဘဲ နစ္ရာက်ပါတယ္။ ဘယ္လိုပစၥည္းေတြကို မွ်ေ၀မသံုးစြဲသင့္လဲဆိုတာ မွ်ေ၀ေပးခ်င္ပါတယ္။

ဆပ္ျပားခဲ

ေဘဆင္ေတြမွာ တင္ထားတဲ့ ဆပ္ျပာခဲဟာ မွ်ေ၀မသံုးသင့္တဲ့ ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ ဆပ္ျပာခဲကိုအတူတူမွ်ေ၀သံုးဆြဲတာဟာ ကူးစက္ေရာဂါျဖစ္ပြားေစႏိုင္တယ္လို႔ဆိုပါတယ္။ ဒါ့ေၾကာင့္ ဆပ္ျပာခဲအစား ဆပ္ျပာရည္ကိုပဲ သံုးသင့္ပါတယ္။ ဆပ္ျပာခဲနဲ႔ ဆပ္ျပာအရည္ကလည္း ေစ်းႏႈန္းကြာတယ္ဆိုေပမဲ့ က်န္းမာေရးထက္ေတာ့ တန္ဖိုးရွိတာ ဘယ္အရာမွမရွိပါဘူး။

ႏႈတ္ခမ္းနီေတာင့္ (သို႔) ႏႈတ္ခမ္းအလွဆီ

ႏႈတ္ခမ္းက မႈေတြနဲ႔ တျခးဘက္တီးရီးယားပိုးမႊားေတြ အလြယ္တကူ ခိုကပ္ေနတဲ့ေနရာမွာ။ ႏႈတ္ခမ္းကြဲတာ ႏႈတ္ခမ္းေျခာက္တာေတြအတြက္ ႏႈတ္ခမ္းနီေတာင့္အဆီပဲျဖစ္ျဖစ္ ရိုးရိုးအဆီပဲျဖစ္ျဖစ္လိမ္းၾကပါတယ္။ ဒါ့အျပင္ မိန္းကေလးေတြဆို ႏႈတ္ခမ္းရဲရဲေလးေတြပိုင္ဆို္င္ဖို႔ ႏႈတ္ခမ္းနီဆိုးၾကပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ မွ်ေ၀သံုးဆြဲတာဟာ ဘက္တီးရီးယားပိုမႊားေတြ အလြယ္တကူကူးစက္ႏိုင္ပါတယ္။ သင့္အတြက္ေရာ သင္ခ်စ္ရသူေတြအတြက္ေရာ အက်ိဳးရွိမွာမဟုတ္လို႔ မသံုးသင့္ပါဘူး။

နားၾကပ္

နားကလည္း ဘက္တီးရီးယားပိုးမႊားေတြ အမ်ားအျပား ခိုကပ္ေနတဲ့ေနရာတစ္ခုပါ။ နားဟာ အၿမဲစိုစြတ္ေနၿပီး ဘက္တီးရီးယားပိုးေတြလည္း ျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ နားၾကပ္ကိုလည္း အတူတူ မွ်ေ၀မသံုးစြဲသင့္ပါဘူး။

လက္သည္းညွပ္တံ ႏွင့္ ဆက္စပ္ပစၥည္း

ဒါကေတာ့ ဘာျဖစ္လို႔လဲဆိုတာ တကူးတကေျပာစရာလိုမယ္မထင္ပါဘူး။ေနာ္။ လက္သည္းေျခသည္းညွပ္တဲ့ပစၥည္းေတြကို မွ်ေ၀မသံုးသင့္ပါဘူးရွင့္။

ပရိတ္ဓါး

အေမႊးအမွ်င္ေတြရိတ္တဲ့ ပရိတ္ဓါးကို အတူတူ မွ်ေ၀မသံုးသင့္ပါဘူး။ မေတာ္တဆ ရွိမိတာမ်ိဳးမျဖစ္ရင္ေတာင္ ဒီလိုသံုးတာဟာ မႈိေရာဂါကူးစက္မႈကိုျဖစ္ပြားေစလို႔ မသံုးပါနဲ႔ေနာ္။

ေနာက္ထပ္တြဲမသံုးသင့္တဲ့ ပစၥည္းေတြကေတာ့

ေခါင္းဘီး

Mascara

Eyeliner

ညွပ္ဖိနပ္

နားကပ္

သြားတိုက္တံ

ခ်ိဳင္းလိမ္းဆီ နဲ႔

လက္ကိုင္ဖုန္း စတဲ့ပစၥည္းေတြပဲျဖစ္ပါတယ္။