ကျွန်မတို့ ချစ်ခင်သူတွေနဲ့ ပစ္စည်းတွေ မျှဝေသုံးစွဲလေ့ရှိကြပါတယ်။ ဖိနပ်တွေအတူတူစီးတာ နှုတ်ခမ်းနီတွေအတူတူသုံးတာမျိုးပါ။ ဒါပေမဲ့ ဒီလိုသုံးတာဟာ ချစ်တာမဟုတ်ဘဲ နစ်ရာကျပါတယ်။ ဘယ်လိုပစ္စည်းတွေကို မျှဝေမသုံးစွဲသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။
ဆပ်ပြားခဲ
ဘေဆင်တွေမှာ တင်ထားတဲ့ ဆပ်ပြာခဲဟာ မျှဝေမသုံးသင့်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဆပ်ပြာခဲကိုအတူတူမျှဝေသုံးဆွဲတာဟာ ကူးစက်ရောဂါဖြစ်ပွားစေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ဆပ်ပြာခဲအစား ဆပ်ပြာရည်ကိုပဲ သုံးသင့်ပါတယ်။ ဆပ်ပြာခဲနဲ့ ဆပ်ပြာအရည်ကလည်း ဈေးနှုန်းကွာတယ်ဆိုပေမဲ့ ကျန်းမာရေးထက်တော့ တန်ဖိုးရှိတာ ဘယ်အရာမှမရှိပါဘူး။
နှုတ်ခမ်းနီတောင့် (သို့) နှုတ်ခမ်းအလှဆီ
နှုတ်ခမ်းက မှုတွေနဲ့ တခြးဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူ ခိုကပ်နေတဲ့နေရာမှာ။ နှုတ်ခမ်းကွဲတာ နှုတ်ခမ်းခြောက်တာတွေအတွက် နှုတ်ခမ်းနီတောင့်အဆီပဲဖြစ်ဖြစ် ရိုးရိုးအဆီပဲဖြစ်ဖြစ်လိမ်းကြပါတယ်။ ဒါ့အပြင် မိန်းကလေးတွေဆို နှုတ်ခမ်းရဲရဲလေးတွေပိုင်ဆိုင်ဖို့ နှုတ်ခမ်းနီဆိုးကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် မျှဝေသုံးဆွဲတာဟာ ဘက်တီးရီးယားပိုမွှားတွေ အလွယ်တကူကူးစက်နိုင်ပါတယ်။ သင့်အတွက်ရော သင်ချစ်ရသူတွေအတွက်ရော အကျိုးရှိမှာမဟုတ်လို့ မသုံးသင့်ပါဘူး။
နားကြပ်
နားကလည်း ဘက်တီးရီးယားပိုးမွှားတွေ အများအပြား ခိုကပ်နေတဲ့နေရာတစ်ခုပါ။ နားဟာ အမြဲစိုစွတ်နေပြီး ဘက်တီးရီးယားပိုးတွေလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် နားကြပ်ကိုလည်း အတူတူ မျှဝေမသုံးစွဲသင့်ပါဘူး။
လက်သည်းညှပ်တံ နှင့် ဆက်စပ်ပစ္စည်း
ဒါကတော့ ဘာဖြစ်လို့လဲဆိုတာ တကူးတကပြောစရာလိုမယ်မထင်ပါဘူး။နော်။ လက်သည်းခြေသည်းညှပ်တဲ့ပစ္စည်းတွေကို မျှဝေမသုံးသင့်ပါဘူးရှင့်။
ပရိတ်ဓါး
အမွှေးအမျှင်တွေရိတ်တဲ့ ပရိတ်ဓါးကို အတူတူ မျှဝေမသုံးသင့်ပါဘူး။ မတော်တဆ ရှိမိတာမျိုးမဖြစ်ရင်တောင် ဒီလိုသုံးတာဟာ မှိုရောဂါကူးစက်မှုကိုဖြစ်ပွားစေလို့ မသုံးပါနဲ့နော်။
နောက်ထပ်တွဲမသုံးသင့်တဲ့ ပစ္စည်းတွေကတော့
ခေါင်းဘီး
Mascara
Eyeliner
ညှပ်ဖိနပ်
နားကပ်
သွားတိုက်တံ
ချိုင်းလိမ်းဆီ နဲ့
လက်ကိုင်ဖုန်း စတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။