လူတွေသတိမမူလိုက်မိတဲ့ ကိစ္စအသေးအမွှားလေးတွေကနေ ကိုယ့်ရဲ့ ကျန်းမာပျော်ရွှင်မှုတွေကို အနှောင့်အယှက်၊ အဟန့်အတား ဖြစ်လာစေနိုင် လိမ့်မယ်လို့ ဘယ်သူကတွေးမိနိုင်မှာပါလဲ။

အခုပြောပြမယ့် ယေဘုယျ အမှားတွေကို ကြားသိပြီးပြီဆိုရင်တော့ နောက်ကိုလုပ်မိမှာမဟုတ်တော့ပါဘူးနော်။ ဒါကြောင့် လူသားတိုင်းရဲ့ နေထိုင်မှုဘဝ ပျော်ရွှင်ကျန်းမာစေဖို့အတွက် ပြင်ဆင်သင့်တဲ့ အလေ့အထတွေကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

လက်သည်းကိုက်ခြင်း

စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့အခါ၊ စိတ်ညစ်တဲ့အခါတွေမှာ ထိုခံစားချက်တွေကို မေ့လျော့စေဖို့အတွက် ကိုယ်တောင်မသိလိုက်ဘဲ လက်သည်းကိုက်တတ်သူတွေ ရှိကြမှာပါ။ ဒီလိုပြုလုပ်ခြင်းက ဘယ်လိုရှုထောင့်ကပဲ ကြည့်ကြည့် ကျန်းမာရေးအတွက်ရော အသွင်အပြင်ကိုပါ ကြည့်ရဆိုးစေနိုင်ပါတယ်။

ဝါဂွမ်းနားကလော်တံတွေ အသုံးပြုခြင်း

နားယားတဲ့အခါ လူအများစု အသုံးပြုလေ့ရှိတဲ့ နားကြပ်တံတွေဟာဆိုရင် နားစည်ကို ပျက်စီးစေနိုင်ပြီး အကြားအာရုံကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါကြောင့် နားအင်မတန်ယားယံနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသလိုက်ပါ။

အိမ်သာတက်ပြီး လက်မဆေးခြင်း

သုတေသနများအရ လူအများစုဟာ အိမ်သာတက်ပြီး လက်ဆေးလေ့မရှိကြပါဘူး။ ဒီလိုလက်ဆေးခြင်းဟာ အရေးကြီးတဲ့ကိစ္စမဟုတ်သလို အချိန်ကုန်တာပဲ အဖက်တင်တယ်လို့ အချို့လူတွေက ယူဆထားကြပါတယ်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ဖျားနာခြင်းကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ရင်တော့ လက်ဆေးတဲ့အကျင့်ကို မွေးမြူလိုက်ပါ။

သွားတိုက်တံကို မလဲဘဲ အချိန်အကြာကြီးအသုံးပြုခြင်း

သွားပွတ်တံအစိုတွေဟာ တစ်လအတွင်းမှာ ဘက်တီးရီးယားတွေကို နည်းနည်းချင်းစီစုဆောင်းလာရာမှတဆင့် ကျန်းမာရေးအတွက် ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သွားဆရာဝန်တွေက ၂ လ ၃ လအတွင်းမှာ သွားပွတ်တံအသစ်လဲဖို့အတွက် အကြံပြုကြတာဖြစ်ပါတယ်။ ၃ လထိ သွားပွတ်တံတစ်ချောင်းကိုပဲ အမြဲအသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် စိုးရိမ်စရာပါပဲ။

နေ့တိုင်းမျက်နှာချေးချွတ်ခြင်း

လိုတာထက်ပိုပြီး မျက်နှာကိုချေးချွတ်ခြင်းဟာ ဝက်ခြံတွေနဲ့ အရေးအကြောင်းတွေကို ဖြစ်ပေါ်လာစေကာ အိုမင်းရင့်ရော်တဲ့အသွင် ပေါက်စေပါတယ်။ ဒါကြောင့် တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး ချေးမချွတ်ကြဖို့ အကြံပြုချင်ပါတယ်။

နေ့စဉ်အသုံးပြုတဲ့အရာတွေကို သန့်ရှင်းရေးမလုပ်ခြင်း

ကိုယ်နေ့စဉ်နဲ့အမျှ ကိုင်တွယ်ထိတွေ့နေတဲ့အရာတွေကို မကြာမကြာသန့်ရှင်းရေးလုပ်ဖြစ်ပါသလား။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် တံခါးလက်ကိုင်ဘုတွေ၊ ကွန်ပျူတာကီးဘုတ်တွေ၊ မီးခလုတ်တွေ၊ ဖုန်းတွေဟာဆိုရင် မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေ ကိန်းအောင်းနေနိုင်တာကြောင့် နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးဖို့ မမေ့ပါနဲ့။

Source: BrightSide