တည်သီးကို ကြိုက်ကြလားရှင်။ တည်သီးမှာ အမျှင်ဓါတ်တွေများစွာပါဝင်ပြီး Antioxidant ကြွယ်ဝစွာပါဝင်လို့ ကင်ဆာဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးကိုကျန်းမာစေပြီး အမြင်အာရုံ အားကောင်းစေပါတယ်။

ကိုယ်အလေးချိန်လျှော့ချပေးတယ်

ကိုယ်အလေးချိန်လျှော့ချရာမှာ အကူအညီဖြစ်စေပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သကြားဓါတ်စားသုံးမှုနဲ့ အသင့်စားအစားအစာ စားသုံးမှုကို လျှော့ချပေးပါတယ်။

အမြင်အာရုံကို ကောင်းမွန်စေတယ်

တည်သီးမှာ မျက်လုံးကို ကောင်းမွန်စေတဲ့ အဟာရဓါတ်တွေ များစွာပါဝင်ပါတယ်။ အမြင်အာရုံဝေဝါးတာ၊ အတွင်းတိမ်ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေတယ်

အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး အဟာရစုပ်ယူမှုကို အားကောင်းစေပါတယ်။ သင့်ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကူးစက်ရောဂါအမျိုးမျိုး ကူးစက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

တည်သီးမှာ ပါဝင်တဲ့ Antioxidant တွေဟာ DNA ပျက်ဆီးခြင်းကိုကာကွယ်ပေးပြီး ကင်ဆာရောဂါကင်းဝေးစေပါတယ်။ ဗီတာငမ် A, C,K ကြွယ်ဝလို့လည်း ရောဂါအမျိုးမျိုး ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတယ်

Antioxidant ဟာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ။် ဗီတာမင် C ပါဝင်လို့လည်း အသားအရေအတွက် အထူးသင့်တော်သလို ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးပါတယ်။

သွေးလည်ပတ်မှုကိုကောင်းမွန်စေတယ်

ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်လို့ သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ ငှက်ပျောသီးမှာလိုပဲ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝပါတယ်။ ဒါ့ကြောင့်လည်း ကြွက်သားနာကျင်မှုကိုလျှော့ချပေးပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ရေဓါတ်ကြွယ်ဝစွာပါဝင်ပြီး အဆီပါဝင်မှုနည်းလို့ ကိုယ်လက်စရောတွေ ကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း နှလုံးသွေးကြောကျဉ်းတာမျိုးမဖြစ်ဖို့ ကူညီပေးမှာပါ။

ဘေးထွက်ဆိုးကျိုးတစ်ချို့

တည်သီးနဲ့ မတည့်တာမျိုးဖြစ်တာ ရှားပါတယ်။ ဒါပေမယ့် Tannin ဆိုတဲ့ ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ မမှည့်သေးတဲ့ တည်သီးတွေမှာ အဲဒီဓါတ် ပါဝင်မှုမြင့်မားပြီး နုတ်ခမ်းအလွန်ခြောက်သွေ့တာ၊ စားပြီးတဲ့ချိန်မှာ နုတ်ခမ်းထုံတာမျိုး ဖြစ်စေပါတယ်။ ဗိုက်ထဲမှာ ဘာအစာမှမရှိဘဲ တည်သီး မစားပေးသင့်ပါဘူး။ အလွန်အကျွံစားရင်လည်း ဝမ်းလျှောနိုင်ပါတယ်။ ဒါ့ကြောင့် တည်သီးကို သင့်တင့်မျှတစွာစားပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။