[Unicode]

သင်္ဘောသီးဘဲ စားလို့ရတာမဟုတ်ပါဘူး။ သင်္ဘောသီးပင်ရဲ့ အရွက်ကလည်း ကျန်းမာရေးအတွက် အရမ်းကို အကျိုးရှိပါတယ်။

သင်္ဘောပင်ရဲ့ အမြစ်၊ အရွက်နဲ့ အသီးအားလုံးဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာကြောင့် သင်္ဘောပင်ကို ဆေးဖက်ဝင်အပင်အဖြစ်တောင် အိန္ဒိယတိုင်းရင်းဆေးတွေက တင်စားကြပါတယ်။

သင်္ဘောသီးပင်ရဲ့ အရွက်နုလေးကို ငပိရည်နဲ့ တို့စားကြသလို သုတ်စားသူတွေလည်းရှိပါတယ်။ ဒါကြောင့် သင်္ဘောရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဝေမျှချင်ပါတယ်။

ကင်ဆာ

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

သင်္ဘောရွက်က ကင်ဆာရောဂါကို ကုသရာနဲ့ကာကွယ်ရာမှာ အစွမ်းထက်တဲ့ အရွက်တစ်မျိုးပါဘဲ။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေခဲ့တဲ့ “Journal of Ethnopharmacology” မှာ သုတေသနရလဒ်တွေကို ရေးသားထားပါတယ်။

သင်္ဘောရွက်က ရောင်ရမ်းတာတွေကို လျော့ကျစေပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အကြိတ်တွေ မဖွံ့ဖြိုး မကြီးထွားလာဖို့အတွက်လည်း တားမြစ်နိုင်စွမ်းရှိပါတယ်။

သုတေသနရလဒ်တွေကြောင့် သင်္ဘောရွက်ဟာ ကင်ဆာ၊ အလက်ဂျစ် နဲ့ တခြား ကာကွယ်ဆေးတွေမှာ ဆေးဝါးအဖြစ် ထည့်သွင်း အသုံးပြုနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

သတိထားရမယ့် အခြေအနေ

သင်္ဘောရွက်မှာပါဝင်တဲ့ Papain အင်ဇိုင်းက တည့်သူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာရှိပေမယ့် တချို့ သူတွေမှာ အလက်ဂျစ်တွေဖြစ်တတ်တယ်လို့ ဆိုထားတဲ့ သုတေသနတစ်ရပ်ကို “Ugeskrift for Laeger” ဂျာနယ်မှာ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလက ရေးသားခဲ့ပါတယ်။

ဒါ့ကြောင့် ရုတ်တရပ် အများကြီးစားမယ့်အစား ကိုယ်နဲ့တည့်မတည့်ကို သိနိုင်ဖို့ သင်္ဘောရွက်အနုကလေး နည်းနည်းလောက်ကို အရင်စားပြီး တည့်မတည့် သိမှ စားသင့်ပါတယ်။

[Zawgyi]

သေဘၤာသီးဘဲ စားလို႔ရတာမဟုတ္ပါဘူး။ သေဘၤာသီးပင္ရဲ႕ အရြက္ကလည္း က်န္းမာေရးအတြက္ အရမ္းကို အက်ိဳးရွိပါတယ္။

သေဘၤာပင္ရဲ႕ အျမစ္၊ အရြက္နဲ႔ အသီးအားလံုးဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တာေၾကာင့္ သေဘၤာပင္ကို ေဆးဖက္၀င္အပင္အျဖစ္ေတာင္ အိႏၵိယတိုင္းရင္းေဆးေတြက တင္စားၾကပါတယ္။

သေဘၤာသီးပင္ရဲ႕ အရြက္ႏုေလးကို ငပိရည္နဲ႔ တို႔စားၾကသလို သုတ္စားသူေတြလည္းရွိပါတယ္။ ဒါေၾကာင့္ သေဘၤာရြက္ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေတြကို ေ၀မွ်ခ်င္ပါတယ္။

ကင္ဆာ

သၾကားဓာတ္က ကင္ဆာဆဲလ္ေတြကို ႀကီးထြားေစႏိုင္

သေဘၤာရြက္က ကင္ဆာေရာဂါကို ကုသရာနဲ႔ကာကြယ္ရာမွာ အစြမ္းထက္တဲ့ အရြက္တစ္မ်ိဳးပါဘဲ။

၂၀၁၀ ခုႏွစ္ ေဖေဖာ္၀ါရီလမွာ ထုတ္ေ၀ခဲ့တဲ့ “Journal of Ethnopharmacology” မွာ သုေတသနရလဒ္ေတြကို ေရးသားထားပါတယ္။

သေဘၤာရြက္က ေရာင္ရမ္းတာေတြကို ေလ်ာ့က်ေစၿပီး ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ႏိုင္တဲ့ ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးၿပီး အႀကိတ္ေတြ မဖြံ႔ၿဖိဳး မႀကီးထြားလာဖို႔အတြက္လည္း တားျမစ္ႏိုင္စြမ္းရွိပါတယ္။

သုေတသနရလဒ္ေတြေၾကာင့္ သေဘၤာရြက္ဟာ ကင္ဆာ၊ အလက္ဂ်စ္ နဲ႔ တျခား ကာကြယ္ေဆးေတြမွာ ေဆး၀ါးအျဖစ္ ထည့္သြင္း အသံုးျပဳႏိုင္တယ္လုိ႔ သုေတသနပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။

သတိထားရမယ့္ အေျခအေန

သေဘၤာရြက္မွာပါ၀င္တဲ့ Papain အင္ဇိုင္းက တည့္သူေတြအတြက္ က်န္းမာေရး အက်ိဳးေက်းဇူးေတြ မ်ားစြာရွိေပမယ့္ တခ်ိဳ႕ သူေတြမွာ အလက္ဂ်စ္ေတြျဖစ္တတ္တယ္လို႔ ဆိုထားတဲ့ သုေတသနတစ္ရပ္ကို “Ugeskrift for Laeger” ဂ်ာနယ္မွာ ၂၀၀၈ ခုႏွစ္၊ စက္တင္ဘာလက ေရးသားခဲ့ပါတယ္။

ဒါ့ေၾကာင့္ ရုတ္တရပ္ အမ်ားႀကီးစားမယ့္အစား ကိုယ္နဲ႔တည့္မတည့္ကို သိႏိုင္ဖုိ႔ သေဘၤာရြက္အႏုကေလး နည္းနည္းေလာက္ကို အရင္စားၿပီး တည့္မတည့္ သိမွ စားသင့္ပါတယ္။