ကိုကာကိုလာက ကမ္ဘာပေါ်မှာ အကြီးဆုံးဆိုဒါ ဖျော်ရည် ကုမ္ပဏီများထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ် ၁.၇ ဘီလီယျံ ကိုကာကိုလာ ဆိုဒါဖျော်ရည်ကို လူတွေက သောက်သုံးနေကြပါတယ်။

ကိုကာကိုလာကို ဖျော်ရည်အဖြစ်သောက်သုံးနိုင်တဲ့အပြင် တခြား သော နေ့စဉ် အိမ်မှုကိစ္စတွေမှာလည်း အသုံးချလို့ရသေးပါတယ်။

 

အိုးခွက်ပန်းကန် ဆေးတဲ့အခါ

သင့်အိုးက မီးခိုးတွေ၊ မီးတွေနဲ့မည်းတူးပြီး ညစ်ပတ်နေရင် ကိုကာကိုလာကို အိုးထဲထည့်ပြီး ခဏလောက်ထားလိုက်ပါ။ ကိုကာကိုလာမှာပါတဲ့ အက်ဆစ်ဓာတ်က အိုးမှာကပ်နေတဲ့ ကြေးတွေကို အရည်ပျော်စေပါတယ်။

ဟင်းချက်ရာမှာ


ကိုကာကိုလာနဲ့ ခရမ်းချဉ်သီး ဆော့စ်နဲ့ ရောလိုက်ရင် အရသာရှိတဲ့ ဟော့ပေါ့ အချဉ်ရည် ရရှိပါတယ်။ အရသာအပေါ်မြည်းစမ်းပြီး ဆားတို့ကိုတော့ ထည့်ဖို့ လိုအပ်ပါတယ်။

အစွန်းအထင်း ဖယ်ရှားနိုင်

ကိုကာကိုလာက အင်္ကျီပေါ်မှာ စွန်းထင်းနေတဲ့ သွေး၊ အနံ့ဆိုးတွေနဲ့ တခြား အညစ်အကြေးတွေကို အလွယ်တကူ ဖယ်ရှားပေးနိုင်ပါတယ်။ ကိုကာကိုလာကို ဆပ်ပြာမှုန့်နဲ့အတူ အဝတ်လျှော်စက်ထဲမှာ ထည့်လျှော်ပေးပါ။ ဆပ်ပြာမှုန့်ထဲမှာပါဝင်တဲ့ Carbonic က ကိုကာကိုလာထဲမှာပါတဲ့ phosphoric အက်ဆစ်နဲ့ရောပြီး အစွန်းအထင်းတွေကို အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။

 

ငွေတွေကို အရောင်တောက်ပအောင် လုပ်နိုင်

ငွေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာပစ္စည်းတွေက အချိန်ကြာလာတာနဲ့ အမျှ အရောင်တွေ မှိန်လာတတ်ပါတယ်။ ကိုကာကိုလာကို ခွက်တစ်ခွက်ထဲထည့်ပြီး လက်စွပ်ထည့်ကာ မိုက်ခရိုဝေ့ထဲမှာ မိနစ်အနည်းငယ် အပူပေးလိုက်ပါ။ ဒါဆိုရင် လက်ဝတ်ရတနာမှာကပ်နေတဲ့ ဖုန်တွေ၊ ကြေးတွေ ပြောင်စင် တောက်ပြောင်သွားပါလိမ့်မယ်။