Osteoarthritis ဖြစ်ရင် ဖြစ်တဲ့နေရာမှာ နာတာ၊ ပုံမှန်လှုပ်မရအောင် တင်းနေတာနဲ့ ရောင်နေတာတွေ ဖြစ်နိုင်တယ်။ အဆစ်နေရာမှာရှိတဲ့ အရိုးထိပ်ကို ဖုံးပေးထားတဲ့ အရိုးနု စားသွားလို့ဖြစ်ရတယ်။

ဖြစ်လာရင် အဆစ်က အရင်လို လှုပ်ရှားဘို့ ခက်လာမယ်။ နာမယ်။ နောက်ကျော၊ တင်ပါးဆုံ၊ ဒူးနဲ့ ခြေထောက်တွေမှာ ဖြစ်တယ်။ လည်ပင်း၊ လက်ချောင်း တွေမှာလဲ ဖြစ်တယ်။ အမေရိကန် ၃၃ သန်းမှာ ဖြစ်နေကြရတယ်။

Degenerative joint disease အိုလို့ဖြစ်တဲ့ အဆစ်နာလို့ ခေါ်ပေမဲ့ Osteoarthritis (OA) လို့ ခေါ်တာ ပိုသင့်တော်တယ်။ ငယ်တဲ့သူတွေမှာလဲ ဖြစ်ပေမဲ့ အိုမှဖြစ်တာ များတယ်။ အသက် ၆၅ ကျော်ရင် အများဆုံး။ မျိုးဗီဇကနေလာရင် ငယ်ငယ်နဲ့ ဖြစ်မယ်။

ဘယ်လိုလုပ်ပြီး ဒီရောဂါလို့ သိနိုင်မလဲ

ကျန်းမာရေး ရာဇဝင်၊ ခံစားရပုံ၊ ဖြစ်တဲ့နေရာနဲ့ ပါတ်သက်တာတွေ စစ်ဆေးမယ်၊ သွေးစစ်မယ်၊ Joint aspiration အဆစ်ထဲကအရည် ထုတ်စစ်မယ်၊ X-ray ဓါတ်မှန်၊ MRI ရိုက်မယ်။

အသက်ရလာလို့ သုံးဖန်များလို့ ဖြစ်လာစေတဲ့ (ဆဲလ်) တွေရဲ့ တုန့်ပြန်မှု Unfolded Protein Response (UPR) ကို အာရုံစိုက် လေ့လာတော့ အသက်ရသူတွေမှာ UPR ပျက်ယွင်းနေကြတယ်။ သုတေသနတခုက OA ဖြစ်သူတွေရဲ့ မျိုးဗီဇ-ခလုပ်တွေကို လေ့လာတယ်။ FAAH ဆိုတဲ့ မျိုးဗီဇဆိုတာ နာတာကို ခံနိုင်စွမ်းနဲ့ ပတ်သက်တယ်။ OA ဖြစ်သူတွေမှာ ပိုများနေတာ သိရတယ်။ နောက် သုတေသနတခုအဆိုအရ လက်ချောင်းတွေမှာ ဖြစ်ရင် ဒူးမှာဖြစ်တာထက် ပိုမြန်တာ သိရတယ်။ Complement C5 ဆိုတဲ့ ပရိုတင်းနဲ့ ဆက်စပ်နိုင်တယ်လို့ ထင်တယ်။ OA ဆိုတာ အရိုး-အဆစ်တွေ ရောင်ရမ်းတာဖြစ်တယ်။ Rheumatoid arthritis လေးဘက်နာနဲ့ ဆင်တယ်။ သုံးဖန်များလို့ ဖြစ်တဲ့သဘော မဟုတ်ဘူးတဲ့။

အရိုး-အဆစ်နာရောဂါ ကုသခြင်း

Osteoarthritis ကို ဆေးပေးတယ်ဆိုတာ နာတာ သက်သာအောင်၊ အဆစ်တွေ တင်းတောင့် မနေအောင်သာ ဖြစ်တယ်။ အနာ-အကိုက်သက်သာဆေးတွေ၊ နာတာကို သက်သာစေနိုင်ပေမဲ့ ရောင်တာကို မသက်သာစေပါ။

Acetaminophen (ပါရာစီတမော) ဆေးကို နဲနဲနဲ့ အတော်အသင့် နာတာအတွက် သုံးနိုင်တယ်လို့ American College of Rheumatology ကနေ ညွှန်းတယ်။ Tylenol, Anacin (Aspirin-free), Excedrin caplets and Panadol နာမည်တွေနဲ့ ရောင်းပါတယ်။ ၄-၆ နာရီတခါ 325 to 1,000 mg သောက်နိုင်တယ်။ တနေ့ထဲမှာ 4,000 mg ထက် မပိုရပါ။

နာတာက ဆိုးရင် Propoxyphene hydrochloride (Darvon, PC-Cap and Wygesic), Acetaminophen with codeine and Tramadol (Ultram) တွေကို သုံးနိုင်တယ်။ ရက်တိုသာ သုံးသင့်တယ်။

လိမ်းဆေးတွေ

Voltaren Gel လိမ်းဆေးဟာ Diclofenac ဖြစ်တယ်။ ဆိုင်မှာ အလွယ် ဝယ်ရမဲ့ ဆေးတွေလဲ ရှိတယ်။ Capsaicin ဆေးဟာ Cayenne peppers ကနေ ဖေါ်စပ်ထားတယ်။ ကြာကြာလိမ်းရင် လောင်နိုင်တယ်။ Zostrix, Zostrix HP, Capzasin-P နာမည်တွေနဲ့ ရောင်းတယ်။

Counterirritants ဆေး

ခေါင်းကိုက်နေတာကို ခြေမနှိပ်တော့ အာရုံပြောင်းစေတာမျိုး အစွမ်းရှိတယ်။ Menthol, Oil of wintergreen, Camphor, Eucalyptus oil, Turpentine oil, Dihydrochloride and Methlnicotinate ဆေးတွေဟာ အဲဒါမျိုးတွေ ဖြစ်တယ်။ Salicylates ဆေးက Counterirritants သဘောဖြစ်တယ်။ Aspercreme, Ben-Gay, Flexall, Mobisyl and Sportscreme နာမည်တွေနဲ့ ဝယ်လို့ရတယ်။

NSAIDs စတီရွိုက်မပါတဲ့ အနာသက်သာဆေးတွေ

Ibuprofen (Advil, Motrin IB), Ketoprofen (Actron, Orudis KT, Oruvail), Naproxen (Naprosyn, Naprelan) and Naproxen sodium (Anaprox, Aleve) တွေ ဖြစ်တယ်။ NSAIDs ထဲမှာ COX-2 inhibitors ဆေးမျိုးတွေလဲ ပါတယ်။ Celecoxib (Celebrex) ကလွဲရင် ကျန် ၂ မျိုးကို ရောင်းခွင့် မပြုတော့ဘူး။

Corticosteroid injections စတီရွိုက်ထိုးဆေး

နာနေတဲ့အဆစ်ထဲကို ထိုးပေးရတယ်။ ဆေးမထိုးခင် အဆစ်ထဲက များနေတဲ့ အရည်တွေကို စုပ်ထုတ်နိုင်တယ်။ American College of Rheumatology (ACR) ကညွှန်းတာကတော့ Acetaminophen နဲ့ မသက်သာသူ၊ အသင့်အတင့်ကနေ သိပ်ဆိုးသူတွေကို ၁ နှစ်မှာ ၃-၄ ခါ ထိုးခိုင်းတယ်။

Hyaluronic acid therapy ဆေး

အဆစ်ထဲမှာ ရှိနေတာမျိုး ဖြစ်တယ်။ Shock absorber သဘော၊ Lubricant သဘော လုပ်ပေးမယ်။ တပါတ်တခါ ၃-၅ ပါတ် ထိုးရတယ်။ အထဲကအရည်နဲနဲစုပ်ထုတ်ပြီးမှ ဆေးထိုးရတယ်။ NSAIDs နဲ့ COX-2 drugs တွေနဲ့ မသက်သာသူ၊ ဆေးဘေးထွက်ဆိုးကျိုးမခံနိုင်သူတွေကို ထိုးပေးနိုင်တယ်။ နဲနဲ နဲ့ အသင့်အတင့် ဆိုးသူတွေမှာ သက်သာတယ်။

ခွဲစိတ်နည်း

Joint replacement, Realigning bones, Fusing bones, Arthroscopy, Osteotomy, Chondroplasty, Arthrodesis နည်းတွေ ရှိတယ်။

တခြားနည်းတွေ

ရောဂါအကြောင်း အသေအခြာလေ့လာပြီး ကိုယ့်ဖါသာ ပြုပြင်နေနိုင်တယ်။ (အေရိုးဘစ်) စတဲ့ လေ့ကျင့်ခန်း လုပ်နိုင်တယ်။ ကိုယ်အလေးချိန် ချတာ ကောင်းတယ်။

လမ်းလျှောက် အကူပစ္စည်း သုံးတာ၊ ခြေထောက်မှာ အထူးပစ္စည်း သုံးတာ၊ ဒူးကာ တပ်တာ၊ အပူ-အအေး တင်ပေးတာ၊ (TENS) လျှပ်စစ်နည်း သုံးတာ၊ အပ်စိုက် ကုသတာ၊ Physical therapist (ဖီဇီယို-သာရာပီ)၊ Chronic pain class နာတာရှည် နာနေသူတွေအတွက် သင်တန်းမျိုးတက်တာတွေလဲ လုပ်နိုင်တယ်။

ကုသနည်းသစ်တွေ

ဗီတာမင် ဒီ ဟာ မျက်လှည့်ပြသလိုမျိုး အကျိုးရှိတဲ့သူတွေမှာ ရှိတယ်။ နာတာကိုရော အင်္ဂါပျက်စီးမှုမှာပါ သက်သာစေတယ်လို့ပြေတာရှိတယ်။ ဒါပေမဲ့ National Institutes of Health အထောက်အပံ့နဲ့လုပ်တဲ့ ၂ နှစ်တာ သုတေသနအဆိုအရ Vitamin D ကနေ ဒီရောဂါမှာ ပိုကောင်းတယ်ဆိုတာ သက်သေမပြနိုင်တာ တွေ့လာရတယ်။

Naproxen sodium နဲ့ Esomeprazole magnesium (Vimovo) ဆေးကို တွဲပေးပြီးစမ်းတဲ့အခါ Celecoxib (Celebrex) ဆေးလိုဘဲ နာတာသက်သာစေတဲ့အပြင် Heartburn ရင်ပူတာကို သက်သာတာ တွေ့ရတယ်။

အလားအလာရှိတဲ့ ဆေးတွေ

Tanezumab ဆေးဟာ သုတေသန အဆင့် ၂-၃ မှာ အလားအလာ ကောင်းနေတယ်။ Stem-cell therapy ကင်ဆာအတွက် အဓိကသုတေသနလုပ်နေတဲ့ (စတင်မ်-ဆဲလ်) နည်းကလဲ အလားအလာ ရှိနိုင်တယ်။

၁၃-၁-၂ဝ၁၁ နေ့မှာ Food and Drug Administration ကနေ အဆစ်နာမှန်သမျှအများဆုံးသုံးနေတဲ့ Acetaminophen ကို ကန့်သတ်မှု ပိုလုပ်လိုက်တယ်။ Acetaminophen ဆေးဟာ များများပေးရင် အသဲကို ထိခိုက်စေတယ်။

ဒါ့ကြောင့် ဆေးတပြားမှာ 325 milligrams ထက်မပိုဘို့ သတ်မှတ်လိုက်တယ်။ မူးယစ်အုပ်စုဝင်ဆေးနဲ့ တွဲရောင်းတာရှိတယ်။ ဥပမာ Vicodin နဲ့ Oxycodone (Percocet) ဆေးတွေ။

  1. Arthritis အဆစ်နာ https://doctortintswe.blogspot.com/2014/10/arthritis.html
  2. ASO ဆိုတာ http://dts-medicaleducation.blogspot.com/2012/01/aso.html
  3. Hydroxychloroquine ဟိုက်ဒရောက်ဆီကွီနိုလင်း http://doctortintswe.blogspot.com/2016/10/hydroxychloroquine.html
  4. Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ်
  5. Narcotic Analgesics မူးယစ်ဆေးပါ အနာသက်သောဆေးများ http://dts-medicaleducation.blogspot.in/2012/06/narcotic-analgesics.html
  6. Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html
  7. NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
  8. NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
  9. Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
  10. Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html
  11. Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://doctortintswe.blogspot.com/2014/11/pregnancy-and-rheumatism.html
  12. Rheumatic Diseases လေးဖက်နာရောဂါများ http://doctortintswe.blogspot.com/2015/08/rheumatic-diseases.html
  13. Rheumatic skin disease အရေပြားလေးဖက်နာ http://doctortintswe.blogspot.com/2016/01/rheumatic-skin-disease.html
  14. Rheumatism (1) လေးဘက်နာ (၁) http://doctortintswe.blogspot.com/2014/10/rheumatism-1.html
  15. Rheumatism (2) လေးဘက်နာ (၂) http://doctortintswe.blogspot.com/2014/10/rheumatism-2.html
  16. Rheumatism လေးဘက်နာ https://doctortintswe.blogspot.com/2014/11/rheumatism-1.html
  17. Rheumatoid factor ရူမတွိုက် ဖက်တာ https://doctortintswe.blogspot.com/2017/07/rheumatoid-factor.html
  18. Scleroderma (စကယ်လရိုဒါးမား) အရေပြားမာတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/scleroderma.html
  19. SLE ထူးခြားတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/sle.html
  20. Systemic Sclerosis စကယ်လယ်ရိုးဆစ်ရောဂါ http://doctortintswe.blogspot.com/2016/04/systemic-sclerosis.html