လိမ္မော်ဖျော်ရည်လို့ပြောလိုက်တာနဲ့ သင့်ရဲ့စိတ်ထဲမှာ ချိုချိုချဉ်ချဉ်အရသာနဲ့ လိမ္မော်သီးအဖတ်ကလေးတွေနဲ့ အေးမြနေတဲ့လိမ္မော်ဖျော်ရည်တခွက်ကို မြင်ယောင်မိသွားမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ တချို့ကတော့ အကြိုက်မတူလို့ လိမ္မော်ဖျော်ရည်မကြိုက်ဘူးဆိုနိုင်ပေမယ့် ကျန်တဲ့လူ တော်တော်များများကတော့ လိမ္မော်သီးနဲ့ လိမ္မော်ဖျော်ရည်ကို နှစ်သက်ကြမှာပါ။ အခုခေတ်မှာတော့ အသင့်သောက်သုံးနိုင်တဲ့ လိမ္မော်ဖျော်ရည်ဘူးတွေက နေရာအနှံ့မှာရနိုင်ပါတယ်။

ဒါပေမဲ့လည်း လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့လိမ္မော်ဖျော်ရည်က အကောင်းဆုံးပါ။ အသင့်သောက်သုံးနိုင်တဲ့ ပုံစံမျိုးစုံနဲ့လာတဲ့ လိမ္မော်ရည်တွေ မှာသုံးထားတဲ့လိမ္မော်သီးတွေက အာနိသင်မရှိသလောက်ဖြစ်ပြီး တခြားဆိုးကျိုးတွေပါဖြစ်စေနိုင်ပါတယ်။

တနေရာကနေ တနေရာကို သယ်ရတာလွယ်ကူအောင်၊ ဒါမှမဟုတ်လည်း ပိုးသေအောင်နဲ့ တာရှည်အထားခံနိုင်အောင် အပူချိန်တခုထိပေးပြီး ပိုးသတ်ထားတဲ့ အသီးအနှံတွေက စားသုံးဖို့မသင့်တော်ပါဘူး။

လတ်လတ်ဆတ်ဆတ်အရည်ညှစ်ပြီး ဖျော်ထားတဲ့လိမ္မော်ရည်ကတော့ သင့်ရဲ့ကျန်းမာရေးနဲ့ သောက်သုံးဖို့ အသင့်တော်ဆုံးဟုတ်ပါရဲ့လား ? အဖြေကတော့ ဟုတ်တယ်လို့ ဆိုရပါမယ်။ သို့သော် မသင့်တော်ဘူးလို့ပဲ ယူဆပါတယ်။ အသင့်ဖျော်ထားတဲ့ လိမ္မော်ရည် 250 ml မှာ 124 ml Vitamin C, C Potassium, Thiamin နဲ့ Folic Acid) ပါဝင်ပါတယ်။ ထို့အတူပဲ သကြားဓာတ် 20.8g နဲ့ 112 Calories ပါဝင်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ 20.8g ပမာဏ ရှိတဲ့ သကြားဓာတ်တွေကို တစ်ငုံသောက်လိုက်ရုံနဲ့ ရသွားတာမျိုးကိုဖြစ်ချင်မယ်လို့မထင်ပါဘူး။

ဒါပေမဲ့လည်း အမျှင်ဓာတ်များစွာပါဝင်တဲ့ လိမ္မော်သီးကတော့မတူပါဘူး။ လိမ္မော်သီးရဲ့အမျှင်တွေကသင့်ရဲ့ အစာချေစနစ်ကို အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ပြောချင်တာကတော့ လိမ္မော်သီးကို အသီးအတိုင်းစားသုံးတာဟာ သင့်ရဲ့အစာချေစနစ်ကို အကျိုးရှိစေတဲ့အပြင် သကြားဓာတ်တွေကို ချေဖျက်ဖို့ သင့်ရဲ့အသည်းကိုလည်း အချိန်ပေးပြီးသားဖြစ်လို့ ဖျော်ရည်သောက်တာထက်ပိုပြီးကောင်းပါတယ်။

ဒါဆိုရင်တော့ သင့်ရဲ့နေ့စဉ်ဘဝအခြေခံကျန်းမာရေးအတွက်လိမ္မော်ဖျော်ရည်ကို တတ်နိုင်သမျှ မသောက်သုံးစေချင်ဘဲ လိမ္မော်သီးကို အသီးအတိုင်း၊ သဘာဝအတိုင်းသာစားသုံးပါလို့ အကြံပြုချင်ပါတယ်။