ချိုင်းမွှေးထူတာ (သို့) ချိုင်းမွှေးပေါက်တာက အမျိုးသမီးတွေအတွက် စိတ်ရှုပ်စရာပါ။ အင်္ကျီ လက်ပြတ်ဝတ်ဖို့အရေး ချိုင်းမွှေးရိတ်တာ၊ ချိုင်းမွှေးနုတ်တာ၊ ချွတ်တာတွေကိုလုပ်ကြပါတယ်။ ဒီလိုလုပ်တာဟာ ကြာလာတာနဲ့အမျှ ချိုင်းသားပျက်စီးလာလို့ စိတ်ညစ်ရပါတယ်။

 

ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ စိတ်မပူပါနဲ့။ သဘာဝနည်းလမ်းလေးတွေနဲ့ ချိုင်းမွှေးကိုဖယ်ရှားလို့ရနိုင်ပါတယ်။

ပါဝင်ပစ္စည်း

 

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုယိုသီး လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်ခုကိုရောလိုက်ပါ။ ပြီးရင် ချိုင်းသားမှာလိမ်းပေးပြီး ၂ မိနစ်လောက်ထားပါ။ ပြီးရင် လက်ကိုင်ပုဝါနဲ့ သုတ်ပေးပါ။ ဒီနည်းလမ်းအတိုင်း ၁ ပတ် ၂ ကြိမ်လောက်လုပ်ပေးပါ။ ချိုင်းမွှေးပါးလာပြီး အမွှေးမရှိတော့သလို ဖြစ်စေမှာမို့ ယုံကြည်ချက်အပြည့်ရှိစေမှာပါ။

Source: healthyfoodhouse.com