ဒီဖျော်ရည်က ကျန်းမာရေးအတွက်သာမက ကိုယ်အလေးချိန်လျှော့ချရာမှာလည်း တကယ်ကိုထိရောက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ အမြင်မတော်တဲ့ အဆီတွေစုနေလို့ သဘာဝပါဝင်ပစ္စည်းလေးနဲ့ ဝိတ်ချချင်သူတွေအတွက် ဒီနည်းလမ်းလေးက တကယ်ကိုမှန်ကန်တဲ့ နည်းလမ်းဖြစ်မှာပါ။ ပြုလုပ်ရတာ သိပ်ကို လွယ်ကူရိုးရှင်းလွန်းတာမို့လည်း စာဖတ်သူတွေ အကြိုက်တွေ့ကြမှာပါ။

သံပုယိုသီးနဲ့ ဂျင်း ပဲလိုအပ်တာဖြစ်ပါတယ်။

ဒီအသီးအနှံကတော့ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ မြင်တွေ့ရလေ့ရှိတာမို့ ရှာရတာ သိပ်အပန်းမကြီးလောက်ပါဘူးနော်။

ဂျင်းတွေကို သေချာဆေးပြီး အခွံနွှာကာ အတုံးလေးလှီးပေးပါ။ သံပုယိုသီးကိုလည်း အဲလိုလှီးပေးပါ။

အဲဒီနောက် ရေနွးပူပူကို ခွက်ထဲလောင်းထည့်ပြီး ဂျင်းကိုထည့်ကာ ခဏနှပ်ထားပါ။

ဒီတစ်ချက်ကတော့ အရေးကြီးတဲ့အချက်ပါပဲ ဘာလို့လဲဆိုတော့ ရေမှာ အာဟာရဓါတ်တွေ အပြည့်အ၀ ပါဝင်စေဖို့ဖြစ်ပါတယ်။
ဂျင်းကို ဆယ်ယူပြီး ရေကို ခွက်တစ်လုံးထဲထည့်ပါ။ အဲဒီဂျင်းရေထဲမှာ ရေခဲထည့်ပါ။ လှီးထားတဲ့ သံပုယိုသီးကို ထပ်ထည့်ပါ။ ပြီးရင် သောက်သုံးလို့ရပါပြီ။

ဒီဖျော်ရည်ကို တစ်နေ့ တစ်ခွက် သောက်သုံးပေးရင် တစ်နေ့ကို အဆီ ၁ လက်မလောက် လျှော့ချနိုင်မှာပါ။ တကယ်လို့ ဂျင်းသံပုရာရည်အများကြီး ကြိုလုပ်ထားရင်လည်းရပါတယ်။ အဲလိုလုပ်ထားရင် မကုန်တဲ့ရေတွေကို ရေခဲသေတ္တာထဲထည့်ပေးပါ။