အခုဆိုရင်လည်း H1N1 တို့လိုမျိုး ကူးစက်ရောဂါတွေလည်း အများကြီးဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ပြည့်နဲ့ စားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းပြီး အားအင်ချို့တဲ့သူတွေအတွက် အာဟာရ အမြန်ပြည့်စေမယ့် အစားအစာများကို ဝေမျှချင်ပါတယ်။

လူတိုင်းကတော့ ကြားဖူးကြမှာပါ။ မနက်စာကို ဘုရင် တစ်ပါးလိုစား၊ နေ့လည်စာကို မင်းသား တစ်ပါးလိုစားနှင့် ညစာကို ဆင်းရဲသားလို စားပါ ဆိုတဲ့ ဆိုရိုးဖြစ်ပါတယ်။

ဒါပေမယ့် လူတော်တော်များများက မနက်စာကို ကောင်းကောင်းမွန်မွန်မစားတာကြောင့် တစ်နေ့လုံး အလုပ်လုပ်ရမှာ ခွန်အားအပြည့်နဲ့ အလုပ်မလုပ်နိုင်ကြပါဘူး။

မနက်စာ

ကွေကာအုပ်

တစ်နေ့လုံး ဗိုက်ပြည့်နေတဲ့ ခံစားချက်ကို ရရှိအောင်လုပ်ဆောင်ပေးနိုင်ပြီး Type 2 ဆီးချိုကိုလည်း ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် သူ့မှာ ဗီတာမင်ဓာတ်များနှင့် antioxidants များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီအပြင် ကွေကာအုပ်ကို မနက်စာအဖြစ် ပုံမှန်စားပေးတဲ့သူက နှလုံး ရောဂါကိုလည်း ကာကွယ်ပြီးသားဖြစ်နေပါတယ်။

ကြက်ဥ

ကြက်ဥက အရမ်းကို အာဟာရများပါတယ်။ ကြက်ဥ ၁ လုံး၊ ၂လုံးလောက်ကို မနက်စာအဖြစ်စားသုံးလိုက်ရင် တစ်နေ့လုံး ခဏခဏ ဗိုက်ဆာနေတော့မှာမဟုတ်ပါဘူး။ အစားခဏခဏ မစားတာကြောင့် အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ပေါင်မုန့်

ပေါင်မုန့်အဖြူကို အများကြီးစားသုံးတာကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ပေါင်မုန့် အညိုရောင်ကို စားပါ။ သူ့မှာ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်း နှင့် အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ မနက်စာကို ပေါင်မုန့်ကြမ်းနှင့် မုယောစပါးပေါင်းစားရင် သွေးအတွင်း သကြားဓာတ်ကိုလည်း ထိန်းပြီးသားဖြစ်သွားပါတယ်။

အာလူး

အာလူးက အသီးအရွက်တွေထဲမှာဆိုရင် ကယ်လိုရီအများကြီး အသီးအရွက်ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို မနက်မှာ စားရင်ပိုကောင်းပါတယ်။ အဲ့ဒီအပြင် ဗီတာမင် C နဲ့ B 6 တို့ ကြွယ်ဝစွာပါဝင်ပြီး အခွံမှာတောင် ပိုတက်ဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ အဲ့ဒီဓာတ်က နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ မနက်စာအဖြစ် အာလူးဖုတ်စားတာက အကောင်းဆုံးပါဘဲ။