လူသားတို့နဲ့ အရင်းနှီးဆုံး တိရိစ္ဆာန်ကို ပြပါဆိုရင် ခွေး လို့ဆိုရမှာပါ။ ခွေးချစ်သူတော်တော်များများက သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို အရမ်းတန်ဖိုးထားကြပါတယ်။

dog-cancer-11-signs-you-need-to-know-6-Custom

တစ်ချို့ဆို ကိုယ်ကသာ Beauty Saloon ကိုသွားချင်မှသွားမယ်။ ကိုယ့်အိမ်က အချစ်တော်လေးကိုတော့ ကေသဖို့ အမြဲလို လိုက်ပို့လေ့ရှိပါတယ်။

woman-feeding-dog-snack

သင်အချစ်ဆုံးခွေးလေးကို မကျွေးသင့်တဲ့ အားအစာတွေ ရှိပါတယ်။ သင့်ခွေးလေးအတွက် အန္တရာယ်များပါတယ်။ အခန့်မသင့်ရင် အသက်ပါဆုံးရှုံးနိုင်ပါတယ်။

အရက်

1450349406-Custom

အရင်ကို မတိုက်ရဘူးဆိုရင်တော့ သိပ်အံ့သြမယ်မထင်ပါဘူး။ လူတောင်မှအရက်ဆွဲ ရင်သေတတ်တာပဲ။ အရက်မှာပါဝင်တဲ့ Methylxanthines လို့ခေါ်တဲ့ ဓါတုဓါတ်ပစ္စည်းက အစာအိမ်ကိုထိခိုက်စေပြီး အတက်ရောဂါဖြစ်စေနိုင်ပါတယ်။ သင့်အချစ်တော်လေး အရက်သောက်မိရင် တိရိစ္ဆာန်ကုဆရာဝန်တွေနဲ့ ပြသင့်ပါတယ်။

ချော့ကလက်

1450349219-Custom

ချော့ကလက်ကတော့ ခွေးလေးတွေအတွက် မကောင်းဘူးဆိုတာ သိပြီးတဲ့သူတွေလည်းသိပြီးလောက်မှာပါ။ သူ့မှာလည်း အရက်မှာပါဝင်တဲ့ ဓါတုပစ္စည်းပါဝင်နေတာပါ။ အထူးသဖြင့် အနက်ရောင်ချော့ကလက်စစ်စစ်က နို့ရောထားတဲ့ (သို့) အဖြူရောင်ချော့ကလက်ထက် အဲဒီဓါတ်ပါဝင်မှု မြင့်မားပါတယ်။ ချော့ကလက်ကို ကိုယ့်အချစ်တော်လေးနဲ့ ဝေးဝေးထားပါနော်။

အုန်းသီး

1450349641-Custom

အုန်းသီးမှာ ပိုတက်ဆီယမ်ဓါတ်နဲ့ အဆီဓါတ်ပါဝင်ပါတယ်။ ဒါဟာ ခွေးလေးတွေအတွက် မကောင်းပါဘူး။ ခွေးလေးတွေကို အသက်ဆုံးရှုံးတဲ့ထိ မဖြစ်စေပေမဲ့ အန်တာ ဝမ်းလျှော့တာမျိုးဖြစ်စေပါတယ်။ အုန်းသီးကိုလည်း သင့်အချစ်တော်လေးနဲ့ ဝေးဝေးမှာထားပါနော်။

စပျစ်သီး

စပျစ်သီးက ခွေးလေးတွေအတွက် ဘာလို့မကောင်းတာပါလိမ့်လို့ စဉ်းစားမိကောင်းစဉ်းစားမိပါလိမ့်မယ်။ သူတေသီတွေက စပျစ်သီးမှာ ခွေးလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေတဲ့ ဓါတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကျောက်ကပ်ပျက်ဆီးပြီး သေတဲ့ထိဖြစ်စေနိုင်ပါတယ်။ တကယ်လို့ စပျစ်သီးစားမိရင် ဆရာဝန်ဆီ အပြေးသာသွားလိုက်ပါနော်။

ကော်ဖီ

1450349767-Custom

အရက်နဲ့ ချော့ကလက်လိုပါပဲ။ ကော်ဖီမှာ Methylxanthines ဓါတ်တွေပါဝင်ပြီး ခွေးလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ကဖိန်းဓါတ်များများပါဝင်လို့ ခွေးလေးတွေကို အိပ်ရေးပျက်စေပါတယ်။ ကဖိန်းဓါတ်များတဲ့ ဘယ်အစားအစာမျိုးကိုမဆို ခွေးလေးတွေကို မတိုက်သင့်ပါဘူး။၊ ဥပမာ – ဆော်ဒါ၊ အားဖြည့်အချိုရည်များ။

ပန်းသီးရိုး

1450349731-Custom

ပန်းသီးကို ကိုက်စားပြီးသွားရင် အလည်မှာ ကျန်ခဲ့တဲ့အရိုးတံကို ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ အသက်ဂှုလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်စေပါတယ်။ Seizures လို့ခေါ်တဲ့ အတက်ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။

အသားစိမ်း

1450349816-Custom

အသားစိမ်းကို ကျွေးတာဟာ ကောင်းတယ်လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ ခွေးကို အသားစိမ်းကျွေးတာမကောင်းပါဘူး။ ခွေးမွေးတဲ့ပုံတွေလည်းပြောင်းသွားပြီ မျိုးတွေစပ်မွေးလာကြတာမို့ အသားစိမ်းတွေကို အစာကြေဖို့ ခက်ခဲပါတယ်။

နို့ထွက်ပစ္စည်း

တစ်ချို့ခွေးလေးတွေက ပေါက်စအရွယ်လေးမှာ ချိစ်၊ ဒိန်ချဉ်နဲ့ တခြားနို့ထွက်ပစ္စည်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အရွယ်ရောက်လာရင် အစာပြောင်းကျွေးတာကောင်းပါတယ်။

Macadamia

အခွံမာသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာတို့နဲ့ တော့ သိပ်မရင်းနှီးလှတဲ့ အသီးတစ်မျိးပါ။ အဲဒီအခွံမာသီးကလည်း သင့်ခွေးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေလို့ ရှောင်ပေးသင့်ပါတယ်။