ညဖက်မှာ သင်ပြုလုပ်လေ့ရှိတဲ့ အပြုအမူတွေကြောင့် သင့်ကိုယ်အလေးချိန်ကို ပိုပြီး တက်စေပါတယ်။ အခုဖော်ပြမယ့် အရာတွေကို လုပ်နေမိရင် ချက်ချင်းပြုပြင်လိုက်ပါနော်။

ညဖက်အိပ်ရေးဝအောင် မအိပ်ခြင်း

ညဖက်အိပ်ရေးဝအောင်မအိပ်တာဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ဗိုက်ပိုဆာစေပြီး ပင်ပန်းနွမ်းနယ်သလို ခံစားရစေမှာပါ။ ဒါ့ကြောင့် တစ်နေ့ကို ၈ နာရီအိပ်ပေးသင့်ပါတယ်။

ညစာ အလွန်အကျွံစားခြင်း

ညစာကို Heavy Food တွေ အလွန်အကျွံစားတာဟာ အစာချေစနစ်ကို နှေးကွေးစေပါတယ်။ TV ကြည့်နေရင်းလည်း တတွတ်တွတ် စားနေမိရင် သင့်ကို ပိုပြီး ဝိတ်တက်စေပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ အစားအစာတွေစားပါ။ ပရိုတင်းဓာတ်နဲ့ အသီးအရွက်များများစားပါ။

ညစားစားပြီးပြီးချင် အိပ်ယာဝင်တတ်တယ်

ညစာစားပြီးပြီး ချင်အိပ်ယာဝင်တာဟာ အဆီဆဲလ်တွေကို ပိုပြီး လှုံ့ဆော်ပေးပါတယ်။ အစာကြေဖို့လည်း ခက်ခဲပါတယ်။ အိပ်ယာမဝင်ခင် ၁ နာရီခွဲ ၂ နာရီလောက်ဟပြီး အစာစားပါ။

ညစာမှာ အကြော်စာတွေစားတယ်

ဆီကြော်စာတွေကို ညစာမှာ ထည့်စားပေးမယ်ဆိုရင် ကယ်လ်လိုရီအများကြီးပါဝင်လို့ အဆီတွေ ပိုတက်စေပါတယ်။ ကောင်းကောင်းအိပ်မပျော်တာမျိုးလည်း ဖြစ်စေပါတယ်။ ညဖက်မှာဆိုရင် ဆီနဲ့ ကြော်ထားတဲ့ အစားအစာတွေအစား မီးကင်စားတာ၊ ပြုတ်စားတာမျိုး ုလပ်ပေးပါ။

ညဖက်မှာ အရမ်းအစပ်စားတယ်

ညဖက်မှာ ပူပူ စပ်စပ် အစားအစာတွေ အရမ်းစားတာဟာ အစာချေစနစ်ကို ထိခိုက်စေသလို ညအိပ်ရေးမဝတာမျိုးဖြစ်စေပါတယ်။ အစပ်ဆိုတာ စားသင့်ပါတယ်။ ဒါပေမယ့် ညဖက်မှာ မစားစေချင်ပါဘူး။

မုန့်အချိုတွေ စားတယ်

ညဖက်မှာ သကြားပါတဲ့ မုန့် အချိုတွေ စားတာဟာ အဆီတွေ ပိုပြီးဖြစ်စေပြီး ကယ်လိုရီတက်စေပါတယ်။ ဗိုက်ပူခါးတုတ်ဖြစ်လာစေပါတယ်။

ညစာစာပြီး သရေစာစားတယ်

ညစာစားပြီးရင် သရေစာစားတာဟာ ကယ်လ်လိုရီပိုများစေပြီး ညဖက်မှာ ခဏခဏ နိုးတာမျိုး ဖြစ်လာစေပါတယ်။ သရေစာစားတာကိုရှောင်ပါ။

ညစာမစားခြင်း

ညစာမစားတာဟာ ကိုယ်အလေးချိန်လျှော့ချဖို့ အကူအညီမဖြစ်နိုင်ပါဘူး။ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို နှေးကွေးစေပြီး ဗိုက်ဆာသလို ခံစားရရှိစေမှာပါ။ ဝိတ်ချချင်ရင် ညစာစားပါ။ အဆီကြော်တွေ မစားဘဲ အပြုတ်တို့ အသုပ်တို့ စားပေးပ။ ညစာမစားတာဟာ အရေးကြောင်းတွေလည်း ဖြစ်ပေါ်စေပါတယ်။

အရက် (သို့) ကော်ဖီသောက်ခြင်း

ညစာစားပြီး အရက် (သို့) ကော်ဖီသောက်တာဟာ အိပ်ရေးပျက်စေပြီး ကယ်လိုရီလည်း တက်စေပါတယ်။ အဲဒီအစား အသီးဖျော်ရည်၊ နို့ပူပူကို သောက်ပေးပါ။ သင့်ရဲ့ တစ်နေ့တာလုံးကို ရေသောက်ပြီး အဆုံးသတ်လိုက်ပါ။

ညနောက်ကျမှ အိပ်ယာဝင်ခြင်း

ညဖက်ဆိုရင် ၁၁ နာရီမထိုးခင် အိပ်ပေးသင့်ပါတယ်။ အဲဒီထက်နောက်ကျပြီး အိပ်ရင် အဆီပိုတက်စေပါတယ်။ အသားအရေ မကြည်တာမျိုးလည်း ဖြစ်စေပြီးမနက်စောစော ဗိုက်ဆာတတ်ပါတယ်။