အိမ်တွင်းမှာစိုက်ပျိုးနိုင်တဲ့ အပင်သစ်ဆိုတာတခြားတော့မဟုတ်ပါဘူး။ နာနတ်ပင်ပဲဖြစ်ပါတယ်။ နာနတ်ပင်တွေဟာ အိပ်စက်ရာမှာဆိုးဝါးကျယ်လောင်လှတဲ့ ဟောက်သံတွေကို လျော့ချပေးနိုင်ကြောင်းသိရပါတယ်။ တကယ်လို့ သင်တို့ရဲ့ချစ်သူအိမ်ထောင်ဖက်တွေဟာ အိပ်ပျော်လျင်ဟောက်တတ်သူများဖြစ်ပါက ဘယ်လိုဆိုးဝါးတဲ့ အနှောင့်အယှက်တွေဖြစ်နိုင်ကြောင်း သင်တို့သိပါလိမ့်မယ်။ သူတို့တဖြေးဖြေးနဲ့အိပ်မောကျလာချိန်မှာတော့ သင်ဟာကျယ်လောင်တဲ့ ခေါခလောဟောက်သံတွေဆီကလွတ်မြောက်ဖို့အတွက်ခေါင်းအုံးနဲ့ကိုယ့် ခေါင်းကိုယ်ဖိထားရပါတော့မယ်။

ကျယ်လောင်တဲ့အဆက်မပြတ်ဟောက်သံတွေကို ကျောခိုင်းဖို့အတွက် ASDA မှအိမ်တွင်းမှာ စိုက်ပျိုးနိုင်တဲ့နာနတ်ပင်များနဲ့ သင်တို့ကိုကူညီပါတော့မယ်။ ၎င်းနာနတ်ပင်တွေဟာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဟောက်သံတွေကိုလျော့ချပေးနိုင်ပါတယ်။

နာနတ်ပင်ဟာ ဘာတွေကိုလုပ်ဆောင်ပါသလဲ။ နာဆာရဲ့အဆိုအရ နာနတ်ပင်တွေဟာအောက်ဆီဂျင်ကိုထုတ်လုပ်ပေးပြီး လေသန့်စင်မှုကိုပိုမိုမြှင့်တင်ပေးပါတယ်။ တစ်ညတာလုံးတိတ်ဆိတ်စွာ အိပ်ပျော်ခြင်းသို့ ရောက်အောင်ကူညီပေးပါလိမ့်မယ်။

နာနတ်ပင်တွေဟာ ၂၁ လကနေ ၂၄ လအတွင်း ရှင်သန်ကြီးထွားနိုင်ပြီး နာနတ်သီးရဲ့ထိပ်မှာမညီညာတဲ့ အခက်အလက်အချွန်အတက်တွေလဲ ရှိပါတယ်။ အိပ်ခန်းတွင်းမှာ ပန်းအိုးနဲ့စိုက်ပျိုးထားနိုင်ပါတယ်။

ASDA မှ နာနတ်ပင်ကိုဝယ်ယူအသုံးပြုခဲ့သူ Phil Smith က ‘ဗြိတိန်မှာဟောက်တတ်တဲ့အကျင့်ရှိသူ လေးပုံတစ်ပုံ၊ သန်းနဲ့တွက်ရင် ၁၆ သန်းခန့်ရှိပါတယ်.ASDA ရဲ့ နာနတ်ပင်တွေကသူတို့တွေနဲ့အတူ ချစ်သူအိမ်ထောင်ဖက်တွေကိုပါ အိမ်မက်ကောင်းတွေနဲ့နှစ်ခြိုက်တဲ့ အိပ်စက်ခြင်းတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်’ လို့ မှတ် ချက်ပေးခဲ့ပါတယ်။

(ASDA-Asda Stores Ltd. ဟာ၁၉၆၅ခုနှစ်မှစ၍ဗြိတိန်နိုင်ငံတွင်ထူထောင်ခဲ့ပြီးယနေ့အချိန်တွင်ကမ္ဘာတစ်ဝန်း၌ လက်လီအရောင်းဆိုင်များအဖြစ်တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိပါသည်။)

Resource: http://www.goodhousekeeping.co.uk