တစ်ခုခုနဲ့ ဆောင့်မိလို့ ဖူးရောင်တာ အညိုအမည်းစွဲတာတွေက ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ်။ တချို့ ရောင်ရမ်းတာတွေ၊ အညိုအမည်းစွဲတာတွေက ခဏလေးနဲ့ ပျောက်တတ်ပေမယ့် တချို့ကတော့ အချိန်ကြာမြင့်စွာ ရောင်ရမ်းနာနေတတ်ပါတယ်။

အာလူးဖုသီးထတာ (ဖူးရောင်တာ)တွေက အရှိန်နဲ့ တစ်ခုခု ဆောင့်မိလို့ သွေးကြောလေးတွေ ဖောက်ထွက်တာကြောင့် ဖြစ်လာတာပါ။

လက္ခဏာတွေက နာကျင်မယ်၊ ရောင်ရမ်းမယ်၊ ညိုမည်းစွဲသလို အသားအရေက အရောင်ပြောင်းသွားမှာဖြစ်ပါတယ်။

ရေခဲ

ရေခဲကတော့ ဖူးရောင်တာတွေ၊ အညိုအမည်းစွဲတာတွေအတွက် အကောင်းဆုံးနဲ့ ဈေးအချိုအသာဆုံး ကုသနည်းဘဲဖြစ်ပါတယ်။ ရေခဲနဲ့ အုံလိုက်လို့ရှိရင် ဖူးရောင်တာတွေ လျော့သွားပြီး နာကျင်တာတွေကို သက်သာ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

ရေခဲကို အဝတ်သန့်သန့်တစ်ခုခုနဲ့ အုံလိုက်ပြီး ကပ်ပေးပါ။ ကပ်တဲ့အခါမှာလည်း အရမ်းအေးခဲပြီး အသားအရေ ပြဲစုတ်အောင်တော့ မကပ်ပါနဲ့။ ဖြည်းဖြည်းနဲ့ ပုံမှန်ကပ်ပေးပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အသားအရေအတွက် အကောင်းဆုံး ပါဘဲ။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ Acibar နဲ့ Latex တို့က ရောင်ရမ်းတာတွေကိုကျစေပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို အေးခဲထားပြီး ဖူးရောင်နေတဲ့ အပေါ်ကို ကပ်ပေးလို့ရပါတယ်။

ဖြည်းဖြည်းချင်း ဖူးရောင်နေတဲ့အပေါ်မှာကပ်ပြီး အသားထဲကို ပျော်ဝင်သွားအောင် လုပ်ပေးပါ။ တစ်နေ့ကို ၃ ကြိမ် အနည်းဆုံး လုပ်ဆောင်ပေးပါ။

ကြက်သွန်နီ

ကြက်သွန်နီမှာ Allinase ဓာတ် ကြွယ်ဝစွာပါဝင်ပြီး သွေးစီးဆင်းမှုကောင်းအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ဖူးရောင်တာကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းစေမှာပါ။

ကြက်သွန်ပါးပါးလှီးပြီး ဖူးရောင်တဲ့နေရာမှာ ကပ်ပေးပါ။ ဒါဆိုရင် သက်သာသွားပါလိမ့်မယ်။