သွေးပေါင်တက်ခြင်းဟာ လူ့ခန္ဓာကိုယ်ရှင်သန်ရပ်တည်ဖို့အတွက် အရေးကြီးအခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတဲ့ နှလုံးကိုပါ ထိခိုက်ယိုယွင်းမှုတွေဖြစ်လာစေနိုင်ပါတယ်။

ဒီလိုမျိုး အချိန်မရွေး အန္တရာယ်ဖြစ်စေနိုင်တဲ့ သွေးပေါင်တက်ခြင်းကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်းမရှိဘူးဆိုရင်တော့ နှလုံးရောဂါအပြင် လေဖြတ်နိုင်ခြေကိုပါ များပြားစေမှာဖြစ်ပါတယ်။

အကယ်လို့ သင်က အသက်ရှည်ကျန်းမာစွာ နေထိုင်ချင်သေးတယ်ဆိုရင်တော့ အခုပြောပြပေးမယ့် သဘာဝနည်းလမ်းလေးတွေကို လိုက်နာကျင့်ကြံပေးလိုက်ပါ။ ဆေးဝါးအကူအညီတောင် မလိုအပ်တော့ဘဲ သွေးပေါင်တက်ခြင်းကို ထိန်းသိမ်းထားနိုင်မှာမို့ ဒီဆောင်းပါးလေးဆုံးတဲ့အထိ ဖတ်ဖို့လိုပါလိမ့်မယ်နော်။

အမြဲမှန်မှန် လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးပေါင်ချိန်လျော့ကျဖို့ လုပ်ဆောင်သင့်တဲ့ အကောင်းဆုံးရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမြဲမှန်မှန် လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် နှလုံးကိုပိုမိုကျန်းမာစေနိုင်လို့ မိနစ် ၁၅၀ လောက် အပတ်စဥ် လမ်းလျှောက်ပေးပါ။

အငန်စားသုံးမှုလျော့ချပါ

သုတေသနအများအပြား၏ ဖော်ပြချက်တွေအရ ဆားအလွန်အကျွံစားသုံးခြင်းဟာ သွေးပေါင်ချိန်ကိုမြင့်တက်စေပြီး လေဖြတ်ခြင်းကိုလည်း ကြုံတွေ့စေနိုင်ပါတယ်။ အကယ်လို့ သင်ဟာ သွေးတိုးရှိသူတစ်ဦးဆိုရင်တော့ တတ်နိုင်သလောက် အငန်စားသုံးမှုကို လျော့ချပြီး ဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်မလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။

အရက်သေစာ တတ်နိုင်သမျှ ရှောင်ပါ

Source: Onward-Connections

အရက်သေစာတွေကို သောက်သုံးခြင်းကလည်း သွေးပေါင်ချိန်တက်စေနိုင်ပါတယ်။ တတ်နိုင်သမျှ မသောက်မိအောင် ရှောင်ကြဥ်မယ်ဆိုရင်တော့ နှလုံးကိုကာကွယ်နိုင်ပြီး တချိန်တည်းမှာပဲ တခြားကျန်းမာရေးဆိုင်ရာပြဿနာတွေကိုလည်း ဖြစ်မလာအောင် ကြိုတင်ကာကွယ်ရာရောက်ပါလိမ့်မယ်။

ပိုတက်စီယမ်ကြွယ်ဝတဲ့အစားအစာတွေများများစားပါ

ပိုတက်စီယမ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှ ဆိုဒီယမ်တွေကို ဖယ်ရှားနိုင်ရန်နှင့် သွေးကြောတွေပေါ်ရှိ ဖိအားတွေကိုလည်း ပြေလျော့စေရန် ကူညီပေးနိုင်ပါတယ်။

အစိမ်းရင့်ရောင်ဟင်းရွက်များ၊ ခရမ်းချဥ်သီး၊ အာလူး၊ ကန်စွန်းဥ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ နို့၊ ဒိန်ချဥ်၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ အစေ့အဆံများ၊ ပဲများ စသည်တို့ကို များများစားပါ။

ဆေးလိပ်ဖြတ်ပါ

Source: medical news today

ဆေးလိပ်ကိုဖြတ်ခိုင်းရတဲ့ အကြောင်းအရင်းအများကြီးထဲက တစ်ခုဟာ နှလုံးကျန်းမာရေးကို ရေရှည်ဆိုးရွာလာစေနိုင်လို့ပဲဖြစ်ပါတယ်။ ဆေးလိပ်ဖွာလိုက်တဲ့ တစ်ငုံစီတိုင်းဟာ သွေးပေါင်ချိန်တက်လာစေနိုင်ပြီး ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ သွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါသေးတယ်။