လူတိုင်းမှာတော့ တစ်ချိန်မဟုတ်တစ်ချိန် ဒူးပြဲ၊ တံတောင်ဆစ်ပြဲ စတဲ့ အနာဖြစ်တဲ့ အချိန်တွေ ရှိပါတယ်။ အထူးသဖြင့် ဆော့ကစားတဲ့ ကလေးအရွယ်မှာဆိုရင်တော့ အနာတစ်ခု မကျက်ခင် နောက် အနာတစ်ခုက ထပ်ဖြစ်နေမှာပါ။ ဒါကြောင့် အနာကျက်မြန်စေမယ့် နည်းလမ်းတစ်ချို့ကို ဝေမျှချင်ပါတယ်။

ပျားရည်

ပျားရည်က အရသာရှိရုံသာမက အနာတွေ အကျက်မြန်အောင်လည်း လုပ်ဆောင်ပေးပါတယ်။ သူ့မှာ ဘက်တီးရီးယားပိုးမွှားများ မဝင်အောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ချော်လဲရင် အနာမှာ ပျားရည်ထည့်လို့ရပါတယ်။

ပရိုတင်း ကြွယ်ဝတဲ့ အစားအစာများ

ပရိုတင်းက အနာတွေ အမြန်ကျက်စေရုံသာမက ကြွက်သားနာ၊ အဆစ်ရောင်တို့ကိုလည်း လျင်မြန်စွာ သက်သာအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အနာဖြစ်နေရင် ပရိုတင်း ကြွယ်ဝတဲ့ အစားအစာများကို ညမအိပ်ခင် စားပေးသင့်ပါတယ်။

ဗီတာမင်ဓာတ်လည်း လုံလောက်အောင် စားပါ

အနာလျင်မြန်စွာကျက်ဖို့က ဗီတာမင် A,C နဲ့ E ဓာတ်တို့ လုံလောက်အောင ်ရဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် မုန်လာဦနီ၊ လိမ္မော်သီး၊ သံပုရာ၊ သံပုယိုသီး၊ ဆယ်မွန်နဲ့ တခြား အသီးအနှံများကိုလည်း စားသုံးပေးသင့်ပါတယ်။

အလက်ထရိုမက်ဂနစ် (Electromagnetic) ကုသနည်း

5

ဒီနည်းကတော့ အားကစားသမားတွေ ပြင်းပြင်ထန်ထန် ဒဏ်ရာရရင် အလျင်အမြန်ပျောက်အောင် ကုသနည်းဖြစ်ပါတယ်။

ဆေးလိပ်ကို ဖြတ်ပါ။

ဆေးလိပ်သောက်နေရင် သဘာဝနည်းအရ အနာကျက်နှုန်းကို လျော့ကျစေပြီး ဘက်တီးရီးယား ပိုးမွှားဝင်ရောက်နိုင်မှုကိုလည်း ပိုများစေပါတယ်။