ဖျားချင်ချင်ဖြစ်ရင် အရင်ဆုံးကြုံတွေ့ရတာက နှာစေး၊ နှာပိတ်တာနဲ့ လည်ပင်းနာတာပဲဖြစ်ပါတယ်။ နှာစေး၊ နှာပိတ်တာနဲ့လည်ပင်းနာတာတွေက အာဂန္တုပေမယ့် အလုပ်ဖြစ်ဖြစ်၊ ကျောင်းစာပဲဖြစ်ဖြစ် အာရုံစိုက်ပြီး မလုပ်နိုင်တော့ပါဘူး။

ဒါကြောင့် သဘာဝနည်းဖြင့် နှာစေး၊ နှာပိတ်တာနဲ့ လည်ပင်းနာတာကို အလွယ်တကူဖယ်ရှားနိုင်မယ့် နည်းလမ်းကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သစ်ကြမ်းပိုးခေါက် နည်းနည်းဖြူး
  • ကြိတ်ထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပျားရည် နဲ့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • နနွင်း လက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ပုံ

ပြုလုပ်နည်း

ရေနွေးပူပူ ဖန်ခွက်တစ်လုံးစာထဲမှာ ပါဝင်ပစ္စည်းများ ရောနှောပြီး မွှေပြီး သောက်သုံးနိုင်ပါပြီ။

ကျန်းမာရေး အကျိုးကျေးဇူးများ

ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်က ဘက်တီးရီးယားတွေ၊ မှိုတွေ နဲ့ ဗိုင်းရပ်စ်တွေ တိုက်ခိုက်ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။